Main menu

Background

မော်လမြိုင်ကုန်စည်ဒိုင် ဈေးနှုန်းဈေးကွက် 

Tue, 12/20/2022 - 11:48 -- journal_editor

ဒီဇင်ဘာ ၁၃ ရက် မော်လမြိုင် ကုန်စည်ဒိုင်၏ကုန်ဈေးနှုန်းပေါက်ဈေး များမှာ  ရော်ဘာ   RSS-3 မှိုင်းခံပြား တစ်ပေါင် ကျပ် ၁၂၂၀ ၊ဒေသထွက်၁၀၈ ပေါင် ဆန်တစ်အိတ်(အနိမ့်)ဈေးနှုန်း ဧည့်မထ ကျပ်  ၄၂၀ဝ၀၊ ပေါ်ကျွဲ ကျပ် ၅၀ဝ၀ဝ၊ ပေါ်ဆန်း ကျပ် ၅၉၀ဝ၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်း  ပဲတီ စိမ်း ကျပ်၄၁၀ဝ၀၊ မတ်ပဲ ကျပ် ၅၈၀ဝ၀၊ ပဲလွမ်းဖြူ  ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ် ကျပ်၃၉၀ဝ၀၊ ပဲပုပ် ကျပ် ၄၉၅၀ဝ၊ မြေပဲ ကျပ် ၁၀၄၀ဝ၀၊ ၊ ရေထွက်ကုန်   တစ် ပိဿာဈေးနှုန်း ငါးတန် ကျပ် ၃၅၀ဝ၊ ငါးသလောက် ကျပ် ၁၁၀ဝ၀၊ ငါးမြစ်ချင်း ကျပ် ၅၃၀ဝ၊ တီလားဗီးရား ကျပ် ၈၀ဝ၀၊ ကင်းမွန် ကျပ် ၁၆၅၀ဝ ၊ ကကတစ်ကျပ် ၁၃၅၀ဝ၊ ငါးကွန်းရှပ် ကျပ် ၉၀ဝ၀၊ ငါးပုတ်သင် (ငါးဗျက်) ကျပ် ၆၀ဝ၀၊ ပုစွန် ပျော့ ကျပ်  ၁၃၀ဝ၀ မှ  ၁၈၀ဝ၀၊ ရေချိုပုစွန်တုပ်(စိမ်း) ကျပ်၂၀ဝ၀ဝ မှ ၄၈၀ဝ၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရ သည်။ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ရော်ဘာ RSS-3  မှိုင်းခံပြား တစ်ပေါင် ၆၀ ကျပ်  ဈေးတက်နေကြောင်း၊ ၁၀၈ ပေါင် ဆန်တစ်အိတ် (အနိမ့်)ဈေးနှုန်းတွင် ဧည့်မထနှင့် ပေါ် ကျွဲတစ်အိတ် ကျပ် ၁၀ဝ၀ ဈေးကျနေပြီး ပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၅၀ဝ ဈေးတက်နေကြောင်း၊  ၂၀ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းတွင် ပဲတီစိမ်း၊ ပဲလွမ်းဖြူ၊ ဗိုလ်ကိတ်နှင့် မြေပဲဈေးနှုန်း ပြောင်းလဲမှု မရှိသော်လည်း မတ်ပဲ  တစ်တင်း ကျပ်၂၀ဝ၀ နှင့် ပဲပုပ်တစ်တင်း ၁၀ဝ၀ ကျပ် ဈေးတက်နေကြောင်း၊ ရေထွက်ကုန်များမှာ တစ်ပိဿာလျှင် ကျပ် ၅၀ဝ မှ ၁၀ဝ၀ ထိ ဈေးနှုန်း အနည်းငယ် မြင့်တက်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သိရသည်။
ဝင်းမြတ်(ရာမညကုန်သွယ်မှုဗဟိုဌာန)