Main menu

Background

တောင်တွင်းကြီးမြို့နယ်မှ ဆီးဖြူသီးအမှုန့်လုပ်ငန်း

Tue, 12/20/2022 - 13:19 -- journal_editor

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တရုတ် ကောအုပ်စု သဖန်းကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ရာသီပေါ်ဆီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ကြသူများ အဆင် ပြေ လျက်ရှိသည်။ ဆီးဖြူသီးအမှုန့်လုပ်ငန်း  လုပ်ကိုင်ကြသူ များမှာ ဆီးဖြူသီးပေါ်ချိန်ဖြစ်သော   သီတင်းကျွတ်လဆန်းမှ တပေါင်းလအထိ ဆီးဖြူသီးအမှုန့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကို လုပ်ကိုင်ကြသည်။တစ်နိုင်တစ်ပိုင်ဖြစ်သော်လည်း မိသားစု ဝင်ငွေအတွက် များစွာအဆင်ပြေလျက်ရှိသည်။ 
ဆီးဖြူသီးအမှုန့်ထုတ်လုပ်ရာမှာ   ပထမဆုံးအနေဖြင့် ဆီးဖြူသီးအလုံးများကို အနု၊ အရင့်ရွေးပြီး   မောင်းစင်ဖြင့် အမှုန့်ဖြစ်အောင်ထောင်းရသည်။ ထောင်းပြီးသား အမှုန့်များ ကို အရည်ညှစ်ရသည်။ ထို့နောက် အရည်ညှစ်ပြီးသား အမှုန့် များကို ကြာရှည်စွာ စားသုံးနိုင်ရန်အတွက် ဆားဖြင့် ပက်ဖျန်း ပြီးနေလှန်းကာ အမှုန့်များထဲတွင် ပါဝင်သော အစေ့ကွဲများကို ရွေးထုတ်ရသည်။ ထိုသို့အဆင့်ဆင့်ပြုလုပ်ပြီးမှ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ဆီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ရာမှာ ကုန်ကြမ်းဖြစ် သော ဆီးဖြူ သီးတစ်တင်းလျှင် ကျပ် ၇၀ဝ၀ မှ ၁၀ဝ၀ဝ အထိ ပေးဝယ်ရကြောင်း၊   မောင်းထောင်းခ အလုံးတစ်တင်းလျှင် ကျပ် ၂၅၀ဝ၊ အရည်ညှစ်ခ တစ်တင်းလျှင် ကျပ်၅၀ဝ ၊ အစေ့ကွဲရွေးခ တစ်တင်းလျှင် ကျပ်၅၀ဝ ပေးငှားရကြောင်း၊ တစ်တင်း လျှင် ကုန်ကျစရိတ်အနေဖြင့် ကျပ်၁၃၅၀ဝ ကုန်ကျပြီး အကျိုး အမြတ်အနေဖြင့် တစ်တင်းလျှင် ကျပ်၂၅၀ဝ၀ ဖြင့်ရောင်းရ၍ ကျပ် ၁၁၅၀ဝ ရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့အပြင် မကွေး၊ အောင်လံ၊ ပြည်၊ နတ်မောက်၊ မြို့ သစ်၊  ကျောက်ပန်းတောင်း စသည့် မြို့နယ်များအထိ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း ဆီးဖြူသီးအမှုန့်လုပ်ငန်း  လုပ်ကိုင်သည့် ဒေါ်ရီသန်းထံမှ သိရသည်။        

ဌေးဌေး(တောင်တွင်း)