Main menu

Background

ကရင်ပြည်နယ်မှ ပဲပုပ်များရန်ကုန်မြို့သို့တင်ပို့

Wed, 12/21/2022 - 10:20 -- journal_editor

ကရင်ပြည်နယ်တွင် စိုက်ပျိုးသည့် ပဲပုပ်များထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက် ရှိကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။

          ပဲပုပ်ကုန်သည်များအနေဖြင့် အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင် ကျပ် ၆၀ နှုန်းရှိသောကြောင့် တစ်ပိဿာအရင်း ကျပ် ၂၃၁၀ ဖြစ်ပြီး ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ကျပ် ၂၃၈၀ ဖြင့် ရောင်းချရသောကြောင့် တစ်ပိဿာအမြတ် ကျပ် ၇၀ ရှိကာ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရသည်။

          ယမန်နှစ်က ကရင်ပြည်နယ်ဒေသထွက် ပဲပုပ်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ ဖြင့် ဈေးနှုန်းပိတ်ခဲ့ပြီး ယခုနှစ် အဖွင့်ဈေးနှုန်းတွင် တစ်ပိဿာလျှင် ကျပ် ၂၃၈၀ (ရန်ကုန်အထိုင်ဈေး) ဖြစ်ပေါ်ခဲ့ကြောင်းနှင့် စာရင်းဇယားများ အရ  ကရင်ပြည်နယ်တွင် ပဲပုပ်စိုက်ဧက ၁၁၄၀၃ ဧကရှိ၍ တစ်ဧကအထွက်နှုန်း  ၁၆ တင်းရှိကာ စုစုပေါင်းအထွက်နှုန်း  ၁၈၆၄၄၄ တင်းရှိကြောင်း သိရသည်။

          ဇာခြည်အောင်

(DOCA-Kayin)