Main menu

Background

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌ဈေး ကျဆင်း သီဟိုဠ်စေ့ဈေး တည်ငြိမ်

Wed, 12/21/2022 - 13:46 -- journal_editor

ကွမ်းသီးနှင့်သီဟိုဠ်စေ့များသည်  မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုး လျက်ရှိသည်။ကွမ်းသီးတွင် ကွမ်းသီးအလုံးဈေးနှင့် ကွမ်းသီးခွဲခြမ်းဈေးဟူ၍ ဈေးနှုန်းနှစ်မျိုးရှိပြီး သီဟိုဠ်စေ့တွင်  အခွံမချွတ်ရသေးသောအပင်မှ  ဆွတ်ခူးသော  အသီးအကြမ်းဈေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောဈေးဟူ၍ ဈေးနှုန်း နှစ်မျိုးရှိကြောင်းသိရှိရသည်။ 
နိုဝင်ဘာ ၂၉ ရက်တွင် ကွမ်းသီးဈေးမှာ ကွမ်းသီးအလုံး(အခွံမပါ)  တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ နှင့်    ကွမ်းသီးခွဲခြမ်း   တစ်ပိဿာ လျှင် ကျပ် ၄၀ဝ၀ ဈေးပေါက်နေကြောင်း သိရှိ ရသည်။ သီဟိုဠ်စေ့ဈေးနှုန်းမှာ သီဟိုဠ်စေ့ အကြမ်း   တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ ရှိပြီး ယခုတစ်ပတ်တွင် သီဟိုဠ်စေ့အချော တစ် ပိဿာလျှင် ကျပ် ၃၅၀ဝ၀  ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ကွမ်းသီးဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလျက်ရှိပြီး သီဟိုဠ်စေ့ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရသည်။
သဲဝေဝေအောင် (ထားဝယ်)