Main menu

Background

ဧရာဝတီတိုင်းဒေသကြီးထွက် ငါးရံ့ခြောက် ပြည်ပဈေးကွက် ပြန်လည်ရရှိ

Mon, 12/26/2022 - 09:40 -- journal_editor

ကိုဗစ်(၁၉)ကပ်ရောဂါကြောင့်  နှစ်နှစ်ကျော်ကြာ ဈေးကွက်ပျက်ခဲ့ပြီး ပြည်ပတင်ပို့ရပ်ဆိုင်းထားသည့် ဧရာဝတီတိုင်းဒေသကြီးထွက် ငါးရံ့ခြောက်မှာ လက်ရှိတွင် ဈေးကွက်ပြန်လည်ရရှိနေပြီဖြစ်ကြောင်း  ပုသိမ်မြို့ရှိ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
အဆိုပါ ငါးရံ့ခြောက်တင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင်  ကိုဗစ်ကပ်ရောဂါကြောင့် တင်ပို့မှုယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂ခုနှစ် နိုဝင်ဘာလမှစတင်ကာ ပြည်ပဈေးကွက် ပြန်လည်ရရှိလာခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်ပဈေးကွက် ဝယ်လိုအား  ကောင်းမွန်နေပြီး  အဓိက တင်ပို့နေသည့်နိုင်ငံများမှာ   တရုတ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
ငါးရံ့ခြောက်ကို  ဧရာဝတီတိုင်းဒေသကြီးမှတစ်ဆင့် ရန်ကုန်ဈေးကွက်သို့  တင်ပို့ကာ ပြည်ပနိုင်ငံများထံ  ပင်လယ်ရေကြောင်း၊ နယ်စပ်လမ်းကြောင်းများမှနေ၍ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးမှ   ရန်ကုန်သို့ ငါးရံ့ခြောက် တင်ပို့မှုအနေဖြင့် ငါးရက်တွင်  တစ်ကြိမ် တန် ၅၀အထိ တင်ပို့နေခြင်းဖြစ်ကြောင်း  သိရသည်။
ပြည်တွင်း လက်ကားဈေးကွက်တွင်တော့ လက်ရှိ၌ ငါးရံ့ခြောက်အကြီး တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၀၊ ငါးရံ့ခြောက်အလတ်  တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၀ နှင့် အသေးတစ်ပိဿာလျှင် ၄၈၀ဝ၀ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။