Main menu

Background

သာယာဝတီခရိုင် ဆောင်းသီးနှံ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှု

Tue, 01/03/2023 - 12:47 -- journal_editor

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ဆောင်းသီးနှံဖြစ်သောမတ်ပဲကို လျာထားဧက ၄၇၇၅၀၉ ဧက၊ ပဲတီစိမ်း လျာထားဧက ၃၆၂၄၂ ဧက ၊ ပဲလွမ်း လျာထားဧက ၁၅၃၉၆ ဧက၊ ဗိုလ်ကိတ် လျာထားဧက ၄၈၈၉ ဧက၊  ပဲပုပ်လျာထားဧက ၁၇၄၉၇ ဧက၊ ပဲကြီး လျာထားဧက ၃၈၁၈ ဧက၊ ပဲယဉ်း ၁၈၅၆ ဧက၊ စားတော်ပဲ၊ စွန်တာနီ၊ ပဲနောက်၊ ထောပတ်ပဲ၊ ပဲဖြူကလေး နှင့်အခြားပဲမျိုးစုံများကိုလည်း အနည်းငယ်စီ လျာထား စိုက် ပျိုးလျက်ရှိကြောင်း သိရှိရသည်။ 
ယခုနှစ် နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းတွင် စိုက်ပျိုး ပြီးစီးမှုအနေဖြင့် မတ်ပဲ စိုက်ဧက ၂၉၄၇၄၉၊ ပဲတီစိမ်း စိုက် ဧက ၄၁၁၄၂၊ ပဲလွမ်းစိုက်ဧက ၄၃၂၄၊ ဗိုလ်ကိတ် စိုက်ဧက ၁၅၉၃၊ ပဲပုပ်စိုက်ဧက ၁၈၄၁၉၊ ကုလားပဲ စိုက်ဧက ၈၀၈၃၊ ပဲကြီး စိုက်ဧက ၁၈၁၈၊ ပဲယဉ်း စိုက်ဧက ၃၃၂၇ ဧကများနှင့် အခြားပဲများကိုလည်း အသီးသီး စိုက်ပျိုးထားရှိကြောင်း ခရိုင် မြေစာရင်းဌာန စာရင်းများအရ သိရှိရသည် ။ 
သာယာဝတီခရိုင်တွင် အများဆုံးစိုက်ပျိုးသော သီးနှံ မှာ မတ်ပဲသီးနှံဖြစ်သည်။ တောင်သူများ မတ်ပဲသီးနှံကို ရွေး ချယ် စိုက်ပျိုးရခြင်းမှာ မတ်ပဲသည် သာယာဝတီခရိုင် မြေ အမျိုးအစားနှင့် ကိုက်ညီခြင်း၊ ရိတ်သိမ်းခူးဆွတ်ရ လွယ်ကူ ခြင်းတို့ကြောင့်  စိုက်ပျိုးကြခြင်းဖြစ်သည်။  စိုက်ပျိုးသော မတ်ပဲမျိုးများမှာ ‌ရေဆင်း (၂)၊ ရေဆင်း (၃)၊ ရေဆင်း (၅)၊ အမျိုးအစားများကို စိုက်ပျိုးကြောင်း သိရှိရသည်။ 
ဒုတိယ အများဆုံးစိုက်ပျိုးသော ပဲတီစိမ်းသီးနှံမျိုးများ မှာ ရေဆင်း(၁)၊ ရေဆင်း(၁၄)၊ ‌ဒေသမျိုး (ဝါးခယ်မမျိုး အစရှိသော ဒေသအခေါ် ပဲမျိုးများ)ကို စိုက်ပျိုးကြကြောင်း စိုက်ပျိုး ရေးဦးစီးဌာန၏  ကွင်းဆင်းဆောင်ရွက်မှုများအရ  သိရှိရ သည်။ 
ကြည်ကြည်ချို (သာယာဝတီ)