Main menu

Background

သိမ်ဖြူဈေးတွင် ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီ လက်ကားဈေး

Tue, 01/10/2023 - 11:15 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ပိဿာ ၃၄၁၀ဝ နှင့် ကြက်သွန်ဖြူ(ကြူကုတ်) ပိဿာ ၄၉၅၀ ဝင်ရောက်ခဲ့သည်။

ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ မှ ၄၇၀ဝ၊ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ၃၄၀ဝ ကျပ်မှ ၃၈၀ဝ ကျပ်ထိ၊ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၃၅၂၀ဝ) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ပိဿာ ၁၁၂၀ဝ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ မှ ၃၇၀ဝ ထိဖြစ်သည်။

ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ မှ ၃၈၀ဝထိရှိခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ၃၃၁၀ဝ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ဝ၅၀ ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ မှ ၃၅၀ဝ ကျပ်ထိဖြစ်၍  ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ မှ ၃၈၀ဝ ကျပ် ထိရှိပြီး  ဈေးနှုန်းအနည်းငယ် အတက်အကျ  ဖြစ်လျက်ရှိ ကြောင်း၊ ကြက်သွန်ဖြူဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။                                                       

နှင်းနွယ်