Main menu

Background

ပခုက္ကူမြို့နယ်၌ ငရုတ်ဧက ၁၄၀ဝကျော် စိုက်ပျိုး

Mon, 02/13/2023 - 15:09 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်   ဆောင်းသီးနှံ ငရုတ်သီးစိုက်ခင်း ဧကပေါင်း ၁၄၀ဝ ကျော်အထိ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ငရုတ်သီးကို မြန်မာနိုင်ငံနေရာအနှံ့အပြား တို့တွင် စိုက်ပျိုးလုပ်ကိုင်ကြပြီး ပခုက္ကူမြို့နယ်တွင် စားသုံးသီးနှံအဖြစ်သာ အဓိက စိုက်ပျိုးလုပ်ကိုင်ခဲ့ ကြကြောင်း၊   စိုက်ပျိုးသည့် ငရုတ်သီးမျိုးများမှာ အိန္ဒိယမျိုးများနှင့် ငရုတ်ပွမျိုးများဖြစ်ပြီး ဧရာဝတီ မြစ်ကမ်းနှင့်နီးသည့် ရေဝင်မြေဧရိယာများဖြစ် သော မြစ်ခြေမြို့အတွင်းရှိ  ကျေးရွာများနှင့် နန်း တော်ရပ်ကျေးရွာတို့တွင် နှစ်စဉ် စိုက်ပျိုးလုပ်ကိုင် ကြကြောင်း၊ မိုးတွင်းကာလများတွင်   ဧရာဝတီမြစ် ရေ   ဝင်ရောက်ခြင်းကြောင့် ကုန်းမြေနေရာများ၌ စိုက်ပျိုးကြပြီး ဆောင်းတွင်းကာလများတွင်  ကိုင်း ကျွန်းမြေများတွင်   အများဆုံးစိုက်ပျိုးကြကြောင်း၊ ဆောင်းသီးနှံငရုတ်မျိုးများကို   နှစ်စဉ် ဝါခေါင်လ ပိုင်းတွင် စတင်ပျိုးထောင်ကာ သီတင်းကျွတ်ကာလ များ၌ စိုက်ပျိုးလေ့ရှိကြသောကြောင့် လက်ရှိတွင် အသီးများ ပေါ်ထွက်လာပြီး ခူးဆွတ်နေကြပြီဖြစ် ကြောင်း၊ ယခင်နှစ်တွင် ငရုတ်သီးစိုက်ခင်းကို၂၄၄၆ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဧရာ ဝတီမြစ်ရေကြီးပြီး မြစ်ရေဝင်ရောက်ကာ ရေပြန်ကျသည့် ကိုင်းကျွန်းမြေ   ဧရိယာနည်းပါးမှုတို့ ကြောင့် ဆောင်းသီးနှံ   ငရုတ်သီးစိုက်ခင်းဧရိယာ ၁၄၆၇ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊  မနှစ်က စိုက်ပျိုးခဲ့သည့် ငရုတ်သီးစိုက်ခင်းမှ တစ်ဧကလျှင် ငရုတ်ခြောက် ပိဿာချိန်ပေါင်း ၅၇၅ ခန့်ထွက်ရှိပြီး တစ်မြို့နယ်လုံးအနေဖြင့်    ပိဿာချိန်ပေါင်း ၁၄ သိန်းကျော်အထိ ထွက်ရှိခဲ့ကြောင်း၊ တောင်သူများ အနေဖြင့် ယခုနှစ်တွင် မျိုးကောင်းမျိုးသန့် အိန္ဒိယ ငရုတ်မျိုးများ  ပိုမိုစိုက်ပျိုးကြသောကြောင့် တစ် ဧကလျှင် ပိဿာချိန်ပေါင်း ၅၀ဝ မှ ၆၀ဝ အထိ ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း၊ လက်ရှိ ဈေးကွက် အတွင်း အိန္ဒိယမျိုးငရုတ်သီးတစ်ပိဿာကိုငွေကျပ် ၁၄၀ဝ၀ ခန့်အထိရှိပြီး  အခြားငရုတ်ပွမျိုးထက် ဈေးနှုန်းပိုမိုကောင်းမွန်ကြောင်း၊   မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရ သိရသည်။ 
ပခုက္ကူမြို့နယ်အတွင်းရှိ ငရုတ်စိုက် တောင် သူများအနေဖြင့် ပြည်ထွက်ကုန် မျိုးကောင်းမျိုးသန့် ဖြစ်သည့် အိန္ဒိယမျိုးများ ပိုမိုစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးတို့ အတွက် မြေသြဇာစနစ်တကျ သုံးစွဲနည်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် လက်တွေ့ကွင်းဆင်းသရုပ်ပြ အသိပညာပေးခြင်း တို့ကို စိုက်ပျိုးရေးပညာပေးဝန်ထမ်းများနှင့်အတူ  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင်   သွင်း အားစုပစ္စည်းများ    ပံ့ပိုးကူညီခြင်း၊ တောင်သူများ မျိုးကောင်းမျိုးသန့်   ပိုမိုစိုက်ပျိုးလုပ်ကိုင်နိုင်ရေး တရားဝင် မျိုးစေ့လိုင်စင်လျှောက်ထားသည့် ဒိုင် အဖွဲ့များဖြင့်    ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများ လည်းရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
ပခုက္ကူမြို့နယ်အတွင်းက   စိုက်ပျိုးထွက်ရှိ သည့် ငရုတ်သီးများကို မန္တလေးမြို့မှ ကုန်သည်များ က  လာရောက်ဝယ်ယူမှုများရှိသလို  မန္တလေးမြို့မှ တစ်ဆင့် တရုတ်နိုင်ငံအထိပါ တင်ပို့ရောင်းချလျက် ရှိသောကြောင့် လာမည့်နှစ်များတွင် ပိုမိုတိုးချဲ့စိုက် ပျိုးကြမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)