Main menu

Background

ပြည် မန်ကျည်းမှည့်နှင့် ချင်းဈေး အနည်းငယ်ကျလာ

Mon, 02/13/2023 - 15:35 -- journal_editor

ယခုတစ်ပတ် ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ပန်းတောင်း၊ ရွှေတောင်၊ ဝက်ထီးကန်နှင့် ပြည်ခရိုင်အတွင်းရှိဒေသစုံမှာ တစ်ရက်လျှင် မန်ကျည်းမှည့်တစ်အိတ်ကို ပိဿာ ၃၀ ဝင် အိတ်  ၂၀ဝ၀/၃၀ဝ၀ ခန့် ဝင်ရောက်လျက်ရှိသည်။ လှောင်လက်သမားများ အဝယ်ရှိနေပြီး လက်လီသမားတို့လည်း အဝယ်လိုက်နေခြင်းကြောင့် အရောင်းအဝယ်မှာ ကောင်းသော်လည်း ဈေးအနည်းငယ် ကျဆင်းလာခဲ့သည်။ 
ယခုတစ်ပတ် မန်ကျည်းမှည့်သစ် (ပွဲရုံ)ဈေး အစေ့ပါ တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ နှင့် အစေ့မပါ အသားချည်း ဈေးမှာ ကျပ် ၂၄၀ဝ-၂၅၀ဝ ဈေးတို့ဖြင့် တစ်ပိဿာလျှင် ကျပ် ၂၀ဝ ကျလာခဲ့သည်။ ဒေသတွင်း လက်လီဈေးမှာ အစေ့ပါ တစ် ပိဿာလျှင် ကျပ် ၁၃၀ဝ နှင့် အစေ့မပါ တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိသည်။ 
ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ(၁၀ဝ) ဝင်ဆံ့သောအိတ် တစ်ပတ်လျှင် ၃၀ဝ/၄၀ဝ ခန့် အဝင်ရှိသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူများဖြင့် အနည်းငယ်အရောင်းအဝယ်ရှိသလို လက်ကားဝယ်ယူသူ အဝယ်ပါးလျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ချင်းတစ်ပိဿာလျှင် လက်ကား ပွဲရုံဈေး ကျပ် ၁၅၀ဝ-၁၈၀ဝ ဈေးရှိပြီး လက်လီ တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ-၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ပါးလျက်ရှိသည်။                             ဝင်းဝင်းခိုင်(ပြည်)