Main menu

Background

ကြံတစ်တန် ကြမ်းခင်းဈေး ကျပ် ၉၅၀ဝ၀ အထိ တိုးမြှင့်ပေးဝယ်လာ

Wed, 02/15/2023 - 15:39 -- journal_editor

ယခု ၂၀၂၃ ခုနှစ် ကြံကြိတ်ခွဲရာသီအတွက် ကြံတစ်တန်လျှင် ကြမ်းခင်းဈေး ကျပ်၉၅၀ဝ၀အထိ တိုးမြှင့်ပေးဝယ်လာကြောင်း ကြံစိုက်တောင်သူများ ထံမှ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)   လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ မိုင်းရယ်သကြားစက်နှင့်ငွေရည် ပုလဲ သကြားစက်များက ယခုနှစ် ကြံကြိတ်ခွဲရာသီ အတွက် ကြံတစ်တန်ဈေးကို ကျပ် ၈၀ဝ၀ဝ နှုန်းဖြင့်  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက သတ် မှတ်ခဲ့ပြီး စက်တင်ဘာလတွင်တော့   ကြံတစ်တန် လျှင် ကျပ် ၉၀ဝ၀ဝ အထိ ထပ်မံ  တိုးမြှင့်သတ်မှတ် ပေးခဲ့သည်။
လက်ရှိ ဈေးကွက်အတွင်း ပြည်တွင်း၊ ပြည်ပ သကြားဝယ်လိုအား ကောင်းသည့်အပြင်  ဈေးနှုန်း လည်း ကောင်းလာသည့်အတွက် ကြံတစ်တန်ဈေး ကို ကျပ် ၅၀ဝ၀ ထပ်မံ တိုးမြှင့်ကာ ကျပ် ၉၅၀ဝ၀ အထိ ပေးဝယ်လာကြောင်း သိရသည်။
“အခုနှစ်မှာသွင်းအားစုစရိတ်ကြီးတဲ့အတွက် တစ်ဧက စိုက်ပျိုးစရိတ်က ပျမ်းမျှ ကျပ် ၁၈ သိန်း ကနေ သိန်း ၂၀ ဝန်းကျင်အထိရှိတယ်။  ဒါကြောင့် ကြံဈေးကောင်းမှသာ ကျွန်တော်တို့ တောင်သူတွေ အနေနဲ့စိုက်ပျိုးစရိတ်   ကာမိမှာပါ”ဟု  နေပြည် တော်မှ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၌ သကြားစက်ရုံပေါင်း ၂၃ ရုံရှိ ပြီး   ပြီးခဲ့သည့်နှစ်     ကြံကြိတ်ခွဲရာသီက စက်ရုံ အရောက် ကြံတစ်တန်ဈေးက  ကျပ်  ၅၀ဝ၀ဝမှ ၆၄၀ဝ၀ ဝန်းကျင်သာရှိခဲ့ရာ   ယခုနှစ်တွင်တော့ သကြားဈေးမြင့်သလို   ကြံတစ်တန်ကို   အမြင့်ဆုံး ပေါက်ဈေးရလာခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နယ်စပ်ဂိတ်များ  ပြန်လည်ဖွင့်လှစ် လိုက်ပြီးနောက် ပြည်ပသို့  ကြံတင်ပို့မှုတိုးလာပြီး မြန်မာဘက်က ကုန်ယာဉ်မောင်းများအနေဖြင့် တရုတ်သကြားစက်ရုံများဆီ တိုက်ရိုက်တင်ပို့ခွင့် ရရှိနေကြောင်း သိရသည်။
ပြည်တွင်း၌ ကြံတစ်ဧကကို ပျမ်းမျှတန်ချိန် ၃၈ တန်မှ ၄၅ တန်အထိ  ထွက်လေ့ရှိပြီး စစ်ကိုင်း တိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်တို့တွင် အဓိက   စိုက်ပျိုးကာ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း    အနည်းငယ်   စိုက်ပျိုးမှုရှိ ကြောင်း သိရသည်။
ပန်ဆု