Main menu

Background

သိမ်ဖြူဈေးတွင် ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီ လက်ကားဈေး

Tue, 02/28/2023 - 14:37 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်   သိမ်ဖြူဈေးကြီး အတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား  ကား၊ ရထားတို့ ဖြင့် ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ 
လက်လီလက်ကား ပြန်လည် ရောင်းချလျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်ထိ ကြက်သွန်နီ(ဆိပ်ဖြူ) အဝင် ၃၄၁၀ဝ ပိဿာနှင့် ကြက် သွန်ဖြူ(ကြူကုတ်) ၁၁၂၀ဝ ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက် ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်၂၀ဝ၀မှ ကျပ် ၂၄၀ဝထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်)လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ မှ ကျပ် ၃၈၀ဝ ထိ၊ ၃-၂-၂၀၂၃ ရက်မှ ၈-၂-၂၀၂၃ ရက်ထိ   ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ၃၅၁၀ဝ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ၁၁၀ဝ၀ ပိဿာ   ဝင်ရောက်ခဲ့ပြီး ကြက် သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ မှ ကျပ် ၂၀ဝ၀ ထိဖြစ်၍   ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ မှ ကျပ် ၃၇၀ဝ ထိရှိခဲ့ပြီး   ဖေဖော်ဝါရီ  ဒုတိယပတ်တွင် ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် ၃၅၇၀ဝ ပိဿာနှင့်    ကြက်သွန်ဖြူ(ကြူကုတ်) ၁၀၅၀ဝ ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ တစ် ပိဿာလျှင် ကျပ် ၁၂၀ဝ မှ ကျပ် ၁၅၀ဝထိဖြစ်၍    ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ မှ ကျပ် ၃၇၀ဝ၊  ဖေဖော်ဝါရီ တတိယပတ်တွင် ကြက်သွန်နီ (ဆိပ်ဖြူ)အဝင်  ၃၄၇၀ဝ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ဝ၀ဝ ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ တစ် ပိဿာလျှင် ကျပ် ၁၂၀ဝ မှ ကျပ် ၁၅၀ဝ ထိဖြစ်၍  ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ မှ ကျပ် ၃၇၀ဝ ဖြစ်ပြီး ကြက် သွန်နီအသစ်များ လှိုင်လှိုင်ပေါ်၍  အဝင်များပြီး ဈေးနှုန်းများ ဆက်လက် ကျဆင်းလျက်ရှိကြောင်း သိရသည်။

နှင်းနွယ် (DOCA YGN)