Main menu

Background

ရောင်းအားကောင်းနေသော လေးပင်ဆီးသီး

Tue, 02/28/2023 - 15:17 -- journal_editor

ဆီးသီး   အမျိုးပေါင်းများစွာ ရှိသည့်အနက်မှ   လေးပင်ဆီးသီးကို မကွေးတိုင်းဒေသကြီး  ရွှေစက်တော် သို့သွားသောလမ်းမကြီးပေါ်ရှိ လေးပင် ရွာမှထွက်ရှိသည်။  ဆီးပင်၏  မူရင်း ဒေသသည် အရှေ့တောင်အာရှမှဖြစ်ပြီး မျိုးရင်းမှာ ROSACEAE) ဖြစ်ပြီး ရုက္ခ ဗေဒအမည်မှာ   Zizyphus   jujuba ဖြစ်ကာ အင်္ဂလိပ်အမည်မှာ  plum or jujube ဖြစ်သည်။ 
လေးပင်ဆီးသီးသည် အခြားဆီး သီးများနှင့်မတူဘဲ အရသာမှာ အသီး သီးစကပင် ကြွပ်ပြီး ချိုသောအရသာရှိ သည်။ အသီးရင့်မှည့်လာသည်နှင့် တစ် ပြိုင်တည်း အသီးတွင် အပွေးများတက် ကာ အရသာမှာ ပို၍ချိုသော အရသာ ထူးရရှိသည်။ အရသာမှာ ချိုမြနေသော် လည်း  ပိုးမဝင်သော  ဆီးသီးမျိုးဖြစ် သည်။ 
လေးပင်ဆီးသီးသည်  နိုဝင်ဘာ လမှမတ်လအထိထွက်ရှိသည်။ လေးပင် ဆီးသီးကို ယိုထိုး၍ စားသောက်ခြင်းမျိုး မရှိပါ။    ဆီးသီးစားသောက်ခြင်းဖြင့် အိုမင်းရင့်ရော်မှုကို  လျော့ကျစေခြင်း၊ သွားပိုးစားခြင်းမှ   ကာကွယ်စေခြင်း၊ မှတ်ဉဏ်ကောင်းစေခြင်း၊ အရိုးပွခြင်း မှ ကာကွယ်ခြင်း၊ သွေးတိုးကိုထိန်းပေး ပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးသည်။ ဆီးသီးသည် မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုသော ဗီတာမင်အေ နှင့်Beta Carotene  တို့ ပါဝင်သည်။ Antioxidant ကြွယ်ဝသောကြောင့် အဆိပ်အတောက်ကိုဖယ်ရှားပြီး နှလုံး ကျန်းမာရေးအတွက်   ကောင်းမွန်စေ သည်။ 
အမျှင်ဓာတ်  မြင့်မားသော ကြောင့် ခန္ဓာကိုယ်အတွင်းမှ  မကောင်း သော ကိုယ်လက်စထရောကို လျော့ကျ စေသည်။ ပြည်မြို့တွင် လေးပင်ဆီးသီး ကို ဥညူငညန မှ သမိနမ စနစ်ဖြင့် ရောင်းချ ခြင်းနှင့်    ဈေးဆိုင်အနည်းငယ်တွင် တင်၍ ရောင်းချခြင်းဟူ၍  နှစ်မျိုးရှိ သည်။Online မှ order စနစ်ဖြင့် ရောင်း ချခြင်းမှာ  အရောင်းအဝယ်  ပိုမိုတွင် ကျယ်သည်။ လေးပင်ဆီးသီးကိုorder တစ်ခုကောက်လျှင် ပြည် ရာချီရောင်းချ ရကြောင်းလည်း သိရသည်။ လေးပင်ဆီးသီးကို တစ်ပြည်လျှင် ကျပ် ၄၀ဝ၀ နှုန်းဖြင့် ရောင်းချပြီး ပြည် တစ်ဝက်ကို ကျပ် ၂၀ဝ၀ နှုန်းဖြင့် ရောင်းချသည်။ အိမ်အရောက်ပို့သော စနစ်ဖြင့် ရောင်းချသောကြောင့် အနီး အဝေးအလိုက်  Deli  ခဈေးနှုန်းမှာ ကျပ် ၅၀ဝ-၇၀ဝ-၁၀ဝ၀ သင့်သည်။ online order စနစ်ဖြင့် ရောင်းချသောကြောင့် ပြည်မြို့အတွင်းရှိ   ကယ်ရီဆိုင်ကယ် သမားများလည်း အလုပ်အကိုင်ရရှိကာ ဝင်ငွေ   တစ်ဖက်တစ်လမ်းမှ ရရှိကြ သည်။ 
ယခုအခါ   လေးပင်ဆီးသီးကို ကိုင်းဆက်ပင်များအဖြစ်ပျိုးကာ ရောင်း ချကြသဖြင့် ဒေသအနှံ့အပြားတွင် စိုက် ပျိုးနိုင်မည်ဖြစ်သောကြောင့် စီးပွားဖြစ် စိုက်ပျိုး၍  ဝင်ငွေတိုးအောင် စိုက်ပျိုး သင့်သော  အပင်တစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရသည်။

ယဉ်သိမ့်နွေး (ပြည်)