Main menu

Background

ပန်းတောင်းစိမ်းစားသရက်သီး စတင်ထွက်ပေါ်

Tue, 02/28/2023 - 15:27 -- journal_editor

ပန်းတောင်းဒေသထွက်စစ်စစ် စိမ်းစားသီး (သရက်) ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်သည်။ အသီးအရွယ်အစားမှာ လက်တစ်ဆစ်မျှသာရှိပြီး စားဖူးသူတိုင်း အရသာသိသော သရက်သီးဖြစ်၍ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့မှထွက်ရှိသည်။ 
အလုံးသေးများ ယခုအချိန်တွင် စတင်ပေါ်လာခြင်းဖြစ်၍ သရက်သီးအလုံး ကြီးသွားလျှင် အရသာအနည်းငယ် ချဉ်သွားသဖြင့် စား၍မကောင်းတော့ပါ။ လုံးဝအချဉ်ဓာတ်မရှိ၍ ြွကပြွ်ကပ်မွှေးမွှေးလေးဖြင့် အရမ်းစားကောင်းသဖြင့် ဈေးလည်းကြီးသည်။ မစားသုံးမီ ထက်ခြမ်းခွဲ အစေ့ထုတ် ရေစိမ်ထားရှိရပြီး ထမင်းစားလျှင် အတို့အမြှုပ်အဖြစ် စားသုံး ကြသလို သားရေစာအဖြစ် စားသုံးကြသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ပန်းတောင်းတစ်မြို့တည်းတွင်သာ ထွက်ရှိခြင်း ဖြစ်၍ ယခုလမှစတင်၍ အသီးများသီးလာသဖြင့် ဈေးမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ သရက်သီး ၁၀ လုံးတွဲ တစ်တွဲလျှင် ကျပ် ၃၀ဝ၀ ဖြင့် ရောင်းချကြောင်းသိရ၍ မတ်လတွင် ဈေးများကျဆင်းလာနိုင်သည်ဟု သိရသည်။

အေးမြတ်သီတာ (ပြည်)