Main menu

Background

မြောက်ဦးခရိုင်အတွင်း ဆောင်းနေကြာသီးနှံတိုးချဲ့စိုက်ပျိုးလာ

Fri, 03/17/2023 - 13:20 -- journal_editor

ရခိုင်ပြည်နယ် မြောက်ဦးခရိုင်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများသည် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ ဆီမုံညင်း နှင့် နှမ်းများကိုသာ အဓိကစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းနေကြာသီးနှံများကို  စိုက်ပျိုးရေးဦးစီးဌာနက မြောက်ဦးမြို့နယ်တွင် ငါးဧက၊ မင်းပြားမြို့နယ်တွင် ၁၈ ဧက၊ ကျောက်တော်မြို့နယ်တွင် ငါးဧက၊ စုစုပေါင်း  ၂၈ ဧကအား တောင်သူများက စမ်းသပ်စိုက်ပျိုးခဲ့ရာ တစ်ဧကအထွက်နှုန်း ၂၆ ဒသမ ၁၈ တင်း ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။  ၂၀၂၂-၂၀၂၃ခုနှစ်တွင် မြောက်ဦးခရိုင်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများသည်  ဆီထွက်သီးနှံအဖြစ် ဆင်းနေကြာ-၂ မျိုးစေ့ကို နိုဝင်ဘာလမှ စတင်၍ မြောက်ဦးမြို့နယ်တွင် ၁၆၃ ဧက၊ မင်းပြားမြို့နယ်တွင် ဧက ၁၀ဝ၊ ကျောက်တော်မြို့ ၆၈ ဧက၊ မြေပုံမြို့နယ်တွင် ၉၆ ဧက စုစုပေါင်း ၄၂၇ ဧကအား တိုးချဲ့စိုက်ပျိုးလာကြသည်။ 

မြောက်ဦးခရိုင်သည် ဆီဖူလုံမှု အားနည်းသောခရိုင်ဖြစ်သောကြောင့် စားသုံးသူပြည်သူများမှာ စားသုံးဆီများကို အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝယ်ယူစားသုံးရသည်။ ဆောင်းသီးနှံအဖြစ် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် မြောက်ဦးခရိုင်အတွင်းရှိ တောင်သူများဝင်ငွေတိုးပွားလာပြီး ဒေသတွင်း ဆီဖူလုံမှုရာနှုန်းတိုးလာမည်ဖြစ်ပြီး နောက်လာမည့်နှစ်များတွင် ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများသည် နေကြာသီးနှံများကို ယခုနှစ်ထက် ပိုမိုတိုးချဲ့ စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။                          

 မောင်သန်းဝင်း-မင်းပြား(စားသုံးသူရေးရာဦးစီးဌာန)