Main menu

Background

ကရင်ပြည်နယ်ဒေသထွက် သီဟိုဠ်စေ့

Thu, 03/30/2023 - 14:56 -- journal_editor

ကရင်ပြည်နယ်ထွက် သီဟိုဠ်စေ့ ကုန်ကြမ်းများမှာ ယခုနှစ်တွင် ယခင်နှစ်ထက် ကုန်ကြမ်းဈေးနှုန်း နှစ်ဆခွဲခန့် ရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း သီဟိုဠ်စေ့ထွက်ရှိချိန်မှာ ဖေဖော်ဝါရီလလယ်မှ ဧပြီလလယ်ထိဖြစ်ပြီး ယမန်နှစ်က အရည်အသွေးကောင်းမွန်သည့် သီဟိုဠ်စေ့ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ ဖြင့် ဈေးပိတ်ခဲ့သည်။ ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဖြင့် ဈေးနှုန်းဖွင့်ခဲ့ကာ ဈေးကွက်လိုအပ်ချက်အရ ယခုနှစ် မတ်လလယ်တွင် တစ်ပိဿာလျှင် ကျပ် ၄၉၀ဝ မှ ၅၂၀ဝ အထိ ‌ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း ကော့ကရိတ်မြို့ရှိ သီဟိုဠ်စေ့ အဝယ်ဒိုင်လုပ်ငန်းရှင် ဦးလှရွှေက ပြောသည်။

ကရင်ပြည်နယ်အတွင်း တစ်နှစ်လျှင် သီဟိုဠ်စေ့အဆန် ပိဿာချိန် ငါးသိန်းကျော် (တန်ချိန် ၈၀ဝ) ကျော်ထွက်ရှိနိုင်ပြီး ကရင်ပြည်နယ်ဒေသထွက် သီဟိုဠ်စေ့များကို ဒေသတွင်း မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်သို့ တင်ပို့ရောင်းချကြ၍ မြဝတီနယ်စပ်မှတစ်ဆင့်လည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရသည်။                                                              

ကိုမျိုး(ကရင်)