Main menu

Background

နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Mon, 04/24/2023 - 13:16 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ အောင်မြင်စွာ စိုက်ပျိုးပြီးစီးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် နွေနှမ်းလျာထားစိုက်ဧက ၃၉၇၀၃ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ၂၈၁၃၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 

နွေနှမ်းစိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း ကျပ် ၂၆၀ဝ၀ဝ ခန့် ကုန်ကျကြောင်း သိရှိရသည်။ စိုက်ပျိုးသော နှမ်းအမျိုးအစားများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို  အများဆုံးစိုက်ပျိုးကြသည်။            
နှမ်းဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူတစ်တင်းလျှင် ကျပ် ၅၉၀ဝ၀၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင် ကျပ်  ၅၄၀ဝ၀၊ နှမ်းနက်စမုံတစ်တင်းလျှင် ကျပ် ၅၂၀ဝ၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၅၄၀ဝ၀ ဈေးနှုန်းများရှိပြီး ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၀၂၀ဝ၀၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင် ကျပ် ၈၃၀ဝ၀၊ နှမ်းနက်စမုံ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခုလက်ရှိ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ နှမ်းဈေးနှုန်းနှင့် နှမ်းဆီဈေးနှုန်းများ ကောင်းမွန်သောကြောင့် နှမ်းစိုက်ပျိုးသောတောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်သောကြောင့် နှမ်းများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကြာင်း သိရသည်။                                                      

မော်မော်အောင်