Main menu

Background

ရွှေဘိုမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Tue, 04/25/2023 - 11:23 -- journal_editor

၂၀၂၃ခုနှစ် ဧပြီလ တတိယပတ် အတွင်း   ရွှေဘိုမြို့နယ်တွင်  အခြေခံ စားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်း ဆန်(သစ်)တစ်ပြည် ကျပ် ၃၅၀ဝ ၊ ဧရာ မင်းဆန်(သစ်) တစ်ပြည် ကျပ် ၃၀ဝ၀ ဖြင့်   အရောင်းအဝယ်   ဖြစ်လျက်ရှိ သည်။  
ကြက်သွန်နီ(သစ်) လက်လီဈေး မှာ(ကြီး)တစ်ပိဿာကျပ်၁၅၀ဝ (လတ်) တစ်ပိဿာ ကျပ် ၁၃၀ဝ  (သေး)တစ် ပိဿာ ကျပ် ၁၀ဝ၀  နှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ မှ  ၅၀ဝ၀ထိ ရှမ်းကြက်သွန်ဖြူ  တစ်ပိဿာ ကျပ် ၅၀ဝ၀ မှ  ၅၅၀ဝ ထိ ၊ (ကြူကုပ်) တစ်ပိဿာ ကျပ် ၄၀ဝ၀ မှ ၅၅၀ဝထိ၊    ချင်းတစ်ပိဿာ  ကျပ်  ၁၃၀ဝ မှ ၁၅၀ဝ ထိ ၊   ငရုတ်သီးခြောက် အမျိုးအစားအလိုက် ကျပ် ၁၆၀ဝ၀ မှ ၁၆၅၀ဝ ထိ အာလူး တစ်ပိဿာ ကျပ် ၁၈၀ဝ မှ ၂၆၀ဝ ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၈၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်နေသည်။
ကြက်ဥ    လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ကျပ်၃၀ဝ(သေး) တစ်လုံး ကျပ်၂၅၀ ၊ ဘဲဥ(ကြီး)တစ်လုံး   ကျပ် ၃၀ဝ၊ (သေး)တစ်လုံး ကျပ် ၂၅၀ရှိသည်။
ရွှေဘိုမြို့၏အသား/ငါးဈေးနှုန်း များမှာ ကြက်သား(ဃဏ)    တစ်ပိဿာ ကျပ် ၈၀ဝ၀ မှ ၁၁၀ဝ၀ ထိ ၊ကြက်သား (ဗမာ)တစ်ပိဿာ   ကျပ် ၁၃၀ဝ၀ မှ ၁၅၀ဝ၀ထိ၊ ဝက်သား  တစ်ပိဿာ ၁၈၀ဝ၀ မှ ၂၂၀ဝ၀ ထိ၊ အမဲသား တစ်ပိဿာ ကျပ် ၁၄၀ဝ၀ မှ ၁၆၀ဝ၀ထိ ၊  ငါးမြစ်ချင်း   တစ်ပိဿာ ကျပ် ၇၀ဝ၀ ၊ ငါးကြင်း တစ်ပိဿာ ကျပ် ၆၀ဝ၀ ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၂၅၀ဝ ကျပ်မှ ၁၃၀ဝ၀ကျပ်ထိ၊ စားအုန်းဆီတစ်ပိဿာ လျှင် ကျပ် ၆၈၀ဝနှင့် နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
အေးသိင်္ဂီစိုး