Main menu

Background

ပဲခူးတိုင်းဒေသကြီး၏ ကြက်သွန်နီနှင့် မန်ကျည်းသီးဈေးကွက်

Tue, 05/09/2023 - 15:13 -- journal_editor

ပဲခူးတိုင်းဒေသကြီး၏ ကြက်သွန်နီ ဈေးနှုန်းများမှာ မတ်လတွင် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ၊ လက်ကား ဈေးနှုန်း ကျပ် ၁၄၀ဝ ရှိခဲ့ပြီး ဧပြီလ တတိယပတ် တွင် ကြက်သွန်နီဈေး တစ်ပိဿာ  ကျပ် ၁၈၀ဝ၊ လက်ကား ဈေးနှုန်း တစ်ပိဿာ  ကျပ် ၁၆၅၀ ဖြင့် ဈေးအနည်းငယ် မြင့်တက်လာခဲ့သည်။
လက်ပံတန်းမြို့နယ်၌ မန်ကျည်းသီးအသစ်များ ထွက်ပေါ်လျက်ရှိရာ ယခင်တစ်ပတ် ဈေးနှုန်းမှာ မန်ကျည်းသီးအဟောင်း အစေ့ထုတ်ပြီး တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ မန်ကျည်းသီးအသစ် အစေ့ပါ တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ မှ ကျပ် ၁၈၀ဝ၊ အစေ့ထုတ်ပြီး မန်ကျည်းသီးအသစ် တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ မှ ကျပ် ၂၈၀ဝ ထိရှိခဲ့ရာမှ ယခုတစ်ပတ် မန်ကျည်းသီးအဟောင်း အစေ့ထုတ်ပြီး  တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြစ်ကြောင်း ၊ မန်ကျည်းသီးအသစ် အစေ့ပါ တစ် ပိဿာလျှင် ကျပ်၁၅၀ဝမှ ကျပ်၂၀ဝ၀အထိ ပေါက်ဈေးရှိနေကြောင်း၊ အစေ့ထုတ်ပြီး မန်ကျည်းသီးအသစ် တစ်ပိဿာလျှင် ကျပ်၂၉၀ဝမှ ကျပ်၃၁၀ဝဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။                                                                   

မိမိအောင်၊ ဖြိုးဖြိုးဇာ (သာယာဝတီ)