Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၁၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Tue, 05/09/2023 - 16:11 -- journal_editor

ဧပြီ ၂၀ ရက်မှ မေ ၂ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၂၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင် ရေ စုစုပေါင်း ၄၇၆၇၄ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၂၂ ဒသမ ၅၄ သန်း ရှိခဲ့ ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့်  First Myanmar Investment (FMI) က အစုရှယ်ယာ ၇၇၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ၁၆ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစု ရှယ်ယာ ၂၇၀၈၃ ရောင်းချနိုင်ခဲ့ပြီး  တန်ဖိုး ကျပ် ၈၀ ဒသမ ၉၅ သန်း ရရှိခဲ့ကြောင်း သိရသည်။     
အလားတူ  မြန်မာနိုင်ငံသားများဘဏ်  (MCB) က အစုရှယ်ယာ ၉၄၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ၅၈ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၁၈၁၃၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၆ ဒသမ ၂၀ သန်း ရရှိခဲ့ သည်။  ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၁၈၀ ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၄၅ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၂၅၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး  ကျပ် သုည ဒသမ ၆၅ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က  အစုရှယ်ယာ ၃၁၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၅၅ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ပန်းဆု