Main menu

Background

ကျွန်းလှမြို့နယ်တွင် မြေအောက်ရေတင်စနစ်ဖြင့် ရုံးပတီသီး စိုက်ပျိုး

Wed, 06/21/2023 - 11:08 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း ရုံးပတီသီးကို စိုက်ပျိုးကြကြောင်း၊ ရုံးပတီသီးကို စိုက်ပျိုးရာတွင် ရာသီမရွေး စိုက်ပျိုးကြပြီး  စိုက်ပျိုးချိန် တစ်လကျော်လျှင် အသီးများ စတင်ခူးဆွတ်ရသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက်  အကောင်းဆုံးအချိန်သည် ပန်းပွင့်ပွင့်ပြီး (၅ /၆) ရက်ဝန်းကျင် ဖြစ်သည့်အတွက် အပွင့်ပွင့်ပြီး ခုနစ်ရက်နေလျှင် စတင်ခူးဆွတ်ရသည်။
ရုံးပတီသီးကို တပေါင်းလတွင် စိုက်ပျိုးပြီး တန်ခူးလတွင် အသီးများသီးကာ စတင်ခူးဆွတ် ရောင်းချရသည်။ ရုံးပတီသီးကို တစ်ကျင်းလျှင် (၂/၃)ပင်ခန့် စိုက်ပျိုးပြီး အပင်ရေ ၁၅၀ ခန့် စိုက်ပျိုးသည်။ ရုံးပတီသီးကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ ရုံးပတီသီးပင်၏စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓာတ်မြေသြဇာနှင့်ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၄၀ဝ၀ဝ ကျော် ကျပ်၅၀ဝ၀ဝခန့် ကုန်ကျပြီး တစ်ခါခူးဆွတ်လျှင် ၁၀ ပိဿာမှ ၁၅ပိဿာအထိ ပုံမှန်ခူးဆွတ်ရပြီး နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသည်။ 
ထို့ကြောင့် ရုံးပတီသီးပင်သည် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ပြီး နေ့စဉ် ခူးဆွတ်ရောင်းချရသော သီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် ရုံးပတီသီးတစ်ပိသာလျှင် ကျပ် ၁၈၀ဝ-၂၀ဝ၀ ဈေးရောင်းရပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ရှမ်းစုကျေးရွာ ရုံးပတီသီးစိုက်တောင်သူ မဇင်မာထံမှ သိရှိရသည်။              

ဝေဝေအောင်(ကျွန်းလှ)