Main menu

Background

ရမည်းသင်းခရိုင်အတွင်း ပဲစင်းငုံစိုက်ပျိုးမှု အခြေအနေ

Mon, 07/03/2023 - 11:22 -- journal_editor

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်တွင် ပဲစင်းငုံကို နှမ်း သို့မဟုတ် နေကြာတို့နှင့် သီးညှပ်စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လျက် ရှိသည်။
ပဲစင်းငုံကို ဇွန်လဆန်းတွင် သီးညှပ်အနေဖြင့် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ရိတ်သိမ်းကြောင်း သိရှိရသည်။ ပဲစင်းငုံမျိုးကို တစ်ပြည်လျှင် ကျပ် ၃၅၀ဝ မှ  ၄၀ဝ၀  ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကလျှင် နှစ်ပြည်ကြဲပြီး၊ တန်းကြဲစနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသော ပဲစင်းငုံမျိုးများမှာ သက်ကြီးနှင့် သက်ငယ်မျိုးများဖြစ်သည်။ သက်ကြီးမျိုးမှာ စိမ်းဖြူဖြစ်ပြီး သက်ငယ်မျိုးမှာ အနီရောင်ဖြစ်ကြောင်း သိရသည်။ ပဲစင်းငုံထွက်ရှိမှုမှာလည်း သက်ကြီးမျိုးမှာ အထွက်နှုန်းပိုသော်လည်း သက်ငယ်မျိုးမှာ ဈေးနှုန်းပိုမိုရရှိကြောင်း သိရသည်။
ယခင်နှစ် ပဲစင်းငုံတစ်ဧက ကုန်ကျစရိတ် ကျပ် ၂၅၀ဝ၀ဝ မှ  ကျပ် ၃၀ဝ၀ဝ၀ ကုန်ကျပြီး တစ်ဧကလျှင် ၁၅  တင်းမှ တင်း ၂၀ ထွက် ရှိကြောင်းနှင့် ရာသီချိန် ပဲစင်းငုံဈေးနှုန်းမှာလည်း တစ်တင်းလျှင် ကျပ် ၅၅၀ဝ၀ မှ ၆၀ဝ၀ဝ အထိ ဈေးရရှိသဖြင့် ပဲစင်းငုံစိုက်ပျိုးသော တောင်သူများအနေဖြင့် တစ်ဧကလျှင် ကျပ် ၄၀ဝ၀ဝ၀ မှ ၅၀ဝ၀ဝ၀  အထိ အကျိုးအမြတ်များရရှိကြောင်း သိရှိရသည်။ ယခင်နှစ် ပဲစင်းငုံ ဈေးနှုန်းမှာ တစ်တင်း ကျပ် ၅၅၀ဝ၀ မှ ၆၀ဝ၀ဝ ရှိပြီး ယခုနှစ် ပဲစင်းငုံ ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၇၉၀ဝ၀ မှ ၈၀ဝ၀ဝ အထိရှိပြီး၊ ယခင်နှစ်နှင့် ယခုနှစ် ကာလတူနှိုင်းယှဉ်လျှင် ပဲစင်းငုံဈေးနှုန်း မြင့် တက်သဖြင့် တောင်သူများလည်း  အကျိုးအမြတ် များစွာရရှိ၍ ယခု နှစ်တွင် ပဲစင်းငုံကို ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရသည်။
ကျော်စိုးမိုး (မိတ္ထီလာ)