Main menu

Background

မြန်မာ့ရင်ကွဲသရက်သီးများ တရုတ်နိုင်ငံဈေးကွက်သို့တင်ပို့ရာတွင် ဈေးကောင်းရရှိနေ

Mon, 07/03/2023 - 13:38 -- journal_editor

ယခု ၂၀၂၃ ခုနှစ်အတွင်း ထွက်ရှိလာသည့် ရင်ကွဲသရက်သီး များကို  တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချရာတွင်     ဈေးကောင်းရရှိနေ ကြောင်း မြန်မာသရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)မှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံဈေးကွက် သို့ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် နှင့် မယ်သီသရက်သီးတို့ကို နှစ်စဉ် တင်ပို့ရောင်း ချနေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြေပြန့်ပိုင်း၌ စိန်တလုံး နှင့်ရွှေဟင်္သာသရက်သီးများ ရာသီကုန်ချိန် ရောက် ရှိနေပြီဖြစ်၍ ရင်ကွဲသရက်သီးများကိုသာ  တရုတ် နိုင်ငံဈေးကွက်သို့တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ဇွန် ၂၉ ရက်တွင် ပြောသည်။
]]တရုတ်နိုင်ငံဈေးကွက်ကို ရင်ကွဲသရက်သီး တွေ  တင်ပို့ရောင်းချနေကြပါတယ်။ ဈေးကောင်း လည်း ရပါတယ်။ ဇွန်လကစပြီး  ရင်ကွဲသရက်သီး က ဈေးကွက်ထဲကို  လှိုင်လှိုင်ဝင်ရောက်နေပါပြီ။ ကျန်တဲ့ သရက်သီးတွေက   ပြတ်သလောက်ဖြစ် သွားပြီး ရင်ကွဲသရက်သီးပဲ ကျန်တော့တယ်။ ဒီနှစ် မှာ သရက်သီးက   အဝယ်သွက်ပါတယ်။ အရည် အသွေးကောင်းရင်   ကောင်းသလောက်  ဈေး ကောင်းရကြတယ်။ နောက်နှစ်တွေမှာ တောင်သူ တွေ ကိုယ့်ပစ္စည်းကို အရည်အသွေးကောင်းအောင် ဂရုစိုက်ကြဖို့လိုပါတယ်။ခူးဆွတ်တာကအစ ထုတ် ပိုးမှုစနစ်ကောင်းကောင်း လုပ်နိုင်ရင် ဈေးကောင်း ရပါတယ်}}ဟု ၎င်းက‌ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်   သရက်ရာသီတွင် ရင်ကွဲသရက်သီး   ၁၆ ကီလိုဂရမ် တစ်ခြင်းလျှင် တရုတ်ငွေ  ယွမ် ၇၀ ကျော်သာ ရရှိခဲ့သော်လည်း ယခု ၂၀၂၃ခုနှစ် သရက်ရာသီတွင်တော့ ၁၆ ကီလို ဂရမ် တစ်ခြင်းလျှင် တရုတ်ငွေ ယွမ် ၉၀အထိ  ရရှိ နေကြောင်း သိရသည်။
မြန်မာ့သရက်ဈေးကွက်တွင် စိန်တလုံး၊ ရွှေ ဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက်  စသည့် သရက် သီးအမျိုးအစားကိုသာ ပြည်ပနိုင်ငံများမှအများဆုံး ဝယ်ယူမှုရှိကြောင်း သိရသည်။

 

ပန်းဆု