Main menu

Background

အိန္ဒိယနိုင်ငံက မြန်မာ့ထောပတ်သီး တန်ချိန် ၁၀ဝ၀ ကျော် ဝယ်ယူရန် ကမ်းလှမ်း

Tue, 07/18/2023 - 12:37 -- journal_editor

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ထောပတ် သီး ရာသီအတွက် အိန္ဒိယမှ မြန်မာ့ထောပတ်သီး တန်ချိန် ၁၀ဝ၀ ကျော် ဝယ်ယူရန် ကမ်းလှမ်းထား ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်း(MAVO)က သိရသည်။
မြန်မာ့ထောပတ်သီး  တင်သွင်းရန်  စိတ်ဝင် စားကြသည့် အိန္ဒိယကုမ္ပဏီ  အများအပြားရှိသည့် အနက် ကုမ္ပဏီတစ်ခုတည်းမှနေ၍တင်ပို့ရန် ကမ်း လှမ်းထားခြင်းဖြစ်ပြီး ကမ်းလှမ်းရန်   စိတ်ဝင်စား သည့်   အခြားသောကုမ္ပဏီများလည်းရှိကြောင်း အဆိုပါအသင်း       အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးမင်းက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။
တန် ၁၀ဝ၀ ကျော်လောက်  ကမ်းလှမ်းထား ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့ဆိုတော့   မပို့ နိုင်သေးဘူး။ လောလောဆယ်တော့    ချိန်နေရ တယ်။ တကယ်လို့  တင်ပို့သွားမယ်ဆိုရင်တော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလလောက်မှာ တင်ပို့သွားမှာ ပါဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ပြင်သစ် နှင့် ထိုင်းနိုင်ငံတို့၌ ပြုလုပ်ခဲ့သည့် ကုန်စည်ပြပွဲများ တွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများ ကို ဝင်ရောက်ပြသခဲ့ရာ စပိန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ဟောင်ကောင် စသည့်နိုင်ငံများက စိတ် ဝင်စားခဲ့ကြပြီး နိုင်ငံစုံက ကုမ္ပဏီပေါင်း၁၀ဝကျော် နှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ကုမ္ပဏီများထဲမှ   ပိုမိုစိတ်ဝင်စား သည့် ကုမ္ပဏီပေါင်း ၄၀ကျော်နှင့် ဆက်လက် ချိတ် ဆက်နိုင်ခဲ့ပြီး    လက်ရှိ‌၌  ယင်းကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သည့် အိန္ဒိယကုမ္ပဏီတစ်ခုက ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ပြီးခဲ့သည့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ထောပတ်သီး  ရာသီချိန်ကလည်း မလေးရှားနိုင်ငံ သို့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့်    ထောပတ်သီး စိုက်ပျိုးသည့် တောင်သူများနှင့်    စုဖွဲ့ထားသောShan Avocado  ကုမ္ပဏီတို့  ပူးပေါင်းကာ ထောပတ် သီး တန်ချိန် ၅၀ခန့်  တိုက်ရိုက်တင်ပို့ခဲ့ကြောင်း သိရသည်။အဲ့ဒီတုန်းကမှာယူခဲ့တဲ့ မလေးရှားကုမ္ပဏီ က ပေါက်ဈေးထက်   ပိုပေးပြီး  ဝယ်ယူခဲ့တာပါ။ ထောပတ်သီး တစ်ကီလိုကို ၃ ဒသမ ၇ ဒေါ်လာ အထိ ဈေးပေးဝယ်ယူခဲ့ပါတယ်ဟု ဦးကျော်စိုးမင်း က ပြောသည်။
ယင်းကုန်သွယ်မှုတွင် ရှမ်းပြည်နယ်(တောင် ပိုင်း) တောင်ကြီး၊ နောင်ချို၊ ဖယ်ခုံ၊ ဟိုပုံးမြို့နယ် ဒေသများနှင့်   ပြင်ဦးလွင်က ထွက်ရှိသည့် hass အမျိုးအစား   ထောပတ်သီး   တန်ချိန် ၅၀ ခန့်ကို တိုက်ရိုက်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြည်ပနိုင်ငံများသို့ ရှမ်းပြည်နယ် (တောင် ပိုင်း) မှ ထွက်ရှိသည့် hass အမျိုးအစား ထောပတ် သီးများကို တင်ပို့ကြပြီး နိုဝင်ဘာလမှနေ၍ ဇန်န ဝါရီလအထိ တင်ပို့လေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ - ၂၀၂၃ ဘ‌ဏ္ဍာနှစ် ထောပတ်သီးရာသီချိန်က hass အမျိုးအစား ထောပတ်သီး တန်ချိန် ၄၀ဝ၀ ခန့်နှင့် ဒေသထွက် ထောပတ်သီး တန်ချိန် ၁၅၀ဝ၀ ခန့်ကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိ   မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း၊မြောက်ပိုင်း)နှင့်မန္တလေး တိုင်းဒေသကြီး (ပြင်ဦးလွင်)တို့တွင်  အများဆုံး စိုက်ပျိုးကြပြီး စိုက်ဧက ၁၀ဝ၀ဝ ကျော်   နှစ်စဉ် ထုတ်ကုန်   တန်ချိန် ၂၀ဝ၀ဝ ထွက်ရှိကာ လက်ရှိ တွင် ဧကအများအပြား ထပ်မံတိုးချဲ့စိုက်ပျိုးလာကြ ကြောင်းသိရသည်။