Main menu

Background

ကမ္ဘာ့သကြားဈေး မြင့်တက်နေသည့်အတွက် ပြည်တွင်းသကြားဈေး လိုက်ပါ မြင့်တက်လျက်ရှိ

Tue, 07/18/2023 - 12:40 -- journal_editor

ကမ္ဘာ့သကြားဈေးမြင့်တက်နေသည့်အတွက်ပြည်တွင်း သကြားဈေး လိုက်ပါ မြင့်တက်လျက်ရှိရာ လက်လီဈေးကွက် တွင် တစ်ပိဿာ ကျပ် ၄၀ဝ၀ အထက်ရှိနေကြောင်း မြန်မာ နိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ 
ပြည်တွင်း သကြားဈေးကွက်တွင် ကုန်စည်ဒိုင် လက် ကားဈေးအနေဖြင့်  သကြားတစ်ပိဿာလျှင် ကျပ် ၃၂၀ဝ မှ ၃၃၀ဝ အထိရှိပြီး လက်လီဈေးကွက်တွင် အမြင့်ဆုံးကျပ်၄၀ဝ၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။
ယခု ၂၀၂၃ခုနှစ် ဇွန်လအတွင်းက ကမ္ဘာ့သကြားဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀ဝ ဝန်းကျင်အထိရှိခဲ့ပြီး လက်ရှိတွင် တစ်တန်အမေရိကန်ဒေါ်လာ ၆၅၀ ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။  
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လက ပြည်တွင်း သကြား ဈေးသည် တစ်ပိဿာလျှင် အမြင့်ဆုံး ကျပ် ၁၂၀ဝ သာရှိခဲ့ရာမှ တစ်နှစ်အတွင်း တစ်ပိဿာ ကျပ် ၄၀ဝ၀ အထိ  မြင့်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် သကြားစက်ရုံပေါင်း ၂၃ ရုံရှိ ပြီး နှစ်စဉ်ထွက်ရှိသည့်   သကြားတန်ချိန် ပျမ်းမျှ လေးသိန်း ရှိကြောင်း သိရသည်။ 
လက်ရှိ ပြည်တွင်း၌ သကြားလက်ကျန် တစ်သိန်းနီးပါး သာရှိသော်လည်း   လာမည့် ကြံကြိတ်ခွဲရာသီအထိ ပြည်တွင်း စားသုံးမှု လုံလောက်နိုင်ကြောင်း သိရသည်။
မြန်မာ့သကြား   ပြည်ပတင်ပို့မှုအနေဖြင့် ဗီယက်နမ် နိုင်ငံသို့သာ အဓိကအများဆုံးတင်ပို့နေပြီး ကြံမကြိတ်မီကပင် ကြိုတင်စာချုပ်ချုပ်ဆိုထားသည့် သကြားများကိုသာ တင်ပို့နေ ခြင်းဖြစ်ကာ ယခု ၂၀၂၃ ခုနှစ် မေလအထိ ပျမ်းမျှတန်ချိန် ၉၀ဝ၀ဝ ခန့် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
 

ပန်းဆု