Main menu

Background

ထိုင်းနိုင်ငံသို့ မြန်မာ့ကော်ဖီစိမ်း အထွက်နှုန်း၏ ၇၅ ရာခိုင်နှုန်းကို တင်ပို့ရောင်းချထား

Tue, 07/18/2023 - 13:34 -- journal_editor

ပြီးခဲ့သည့်   ကော်ဖီရာသီချိန် အတွင်း   ထိုင်းနိုင်ငံသို့  မြန်မာ့ကော်ဖီ စိမ်း အထွက်နှုန်း၏   ၇၅ ရာခိုင်နှုန်းကို တင်ပို့ရောင်းချထားကြောင်း   မြန်မာ နိုင်ငံ ကော်ဖီအသင်းမှ သိရသည်။  
ယင်းသို့ တင်ပို့ရောင်းချခဲ့ရာတွင် ကော်ဖီတစ်တန်လျှင် ပြည်တွင်းဈေး ကျပ်သိန်း ၁၅၀ မှ ၁၇၀ ခန့်အထိ ဈေး ကောင်း ရရှိခဲ့ကြောင်း   အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းလှိုင်က ဇူလိုင် ၁၃ ရက်တွင် ပြောသည်။ အများဆုံးကတော့ ယိုးဒယား ကိုပဲ ၇၅ ရာခိုင်နှုန်းလောက် တင်ပို့နိုင်ခဲ့ ပါတယ်။ ကုန်ကြမ်း  အသီးစိမ်းအနေနဲ့ တင်ပို့ခဲ့တာပါ ဟု ၎င်းက ပြောသည်။
ကော်ဖီရာသီချိန်အစတွင် ထိုင်း ဝယ်လက်များက ဒေသအရောက် ဝယ် ယူထုတ်လုပ်နေခြင်းကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကထက် သုံးဆခန့် ဈေးနှုန်း ပိုမိုရရှိခဲ့သည်ဟု ဆိုသည်။
ပုံမှန်ကော်ဖီရာသီများတွင် ပျမ်းမျှ ကော်ဖီတန်ချိန်၁၀ဝ၀ဝကျော်ခန့် ထွက် ရှိခဲ့သော်လည်း ပြီးခဲ့သည့် ကော်ဖီရာသီ ချိန်က ရာသီဥတုမှာ   ပန်းပွင့်ချိန်စော သည့်အပြင် ပုံမှန်ထက်   ပိုမိုမိုးရွာသွန်း ခဲ့ခြင်းကြောင့် အထွက်နှုန်းလေးပုံတစ်ပုံ ခန့်အထိ ကျဆင်းခဲ့ကာ  ကော်ဖီရာသီ ချိန်ကို စောစီးစွာ သိမ်းခဲ့ရကြောင်း သိရ သည်။
အဲဒီလို   အထွက်နှုန်း အနည်း ငယ် ကျဆင်းတဲ့အပြင် အဓိက ဝယ်ယူ တဲ့    ထိုင်းဝယ်လက်တွေက     ဒေသ အရောက် ဝယ်ယူခဲ့တဲ့အတွက် ကော်ဖီ တစ်တန်ဈေးနှုန်းဟာ   မနှစ်ကထက် သုံးဆလောက်    ပိုမိုရရှိခဲ့ပါတယ် ဟု ဦးမင်းလှိုင်က ပြောသည်။ ပြည်တွင်း၌ကော်ဖီသီးနှံကို ဒီဇင် ဘာလမှ မတ်လအတွင်း ခူးဆွတ်ထုတ် လုပ်ပြီး ကော်ဖီရာသီသိမ်းသည့် ဧပြီလ နှင့်မေလနှောင်းပိုင်းမှစတင်ကာ ပြည်ပ နိုင်ငံများသို့   ကော်ဖီအစေ့များအဖြစ် တင်ပို့လေ့ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင်      ကော်ဖီကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက် ပျိုးပြီး တခြားတိုင်းဒေသကြီးနှင့်   ပြည် နယ် တချို့တွင်လည်း အနည်းငယ် စိုက် ပျိုးလေ့ရှိကာ   တစ်နိုင်ငံလုံး   အတိုင်း အတာအနေနှင့်       ကော်ဖီစိုက်ဧက ၅၀ဝ၀ဝ ကျော်ရှိကြောင်း သိရသည်။
 

ပန်းဆု