Main menu

Background

ရွှေ ရည်ညွှန်းဈေး ကျပ် ၂၂ သိန်းကျော်ရှိ

Thu, 08/31/2023 - 09:55 -- journal_editor

ပြည်တွင်း ရွှေရည်ညွှန်းဈေး ကျပ် ၂၂ သိန်းကျော်တွင်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်း ဈေးနှုန်းများအနေဖြင့် သြဂုတ် ၁၈ ရက်တွင် အခေါက်ရွှေ တစ်ကျပ် သား ကျပ် ၂၂၂၉၀ဝ၀၊ ၁၉ ရက်တွင် ကျပ် ၂၂၂၅၄၀ဝ၊ ၂၁ ရက်တွင် ကျပ်၂၂၂၃၁၀ဝ၊ ၂၂ ရက်တွင် ကျပ် ၂၂၃၉၆၀ဝ၊ ၂၃ ရက်တွင် ကျပ် ၂၂၄၃၁၀ဝ၊ ၂၄ ရက်တွင် ကျပ် ၂၂၆၀၈၀ဝ၊ ၂၅ ရက်တွင် ကျပ် ၂၂၅၄၉၀ဝ ဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ သြဂုတ် ၁၈ ရက်တွင် ၁၈၉၂ ဒေါ်လာ၊ ၁၉ ရက်နှင့် ၂၁ ရက်တွင် ၁၈၈၉ ဒေါ်လာ၊ ၂၂ ရက်တွင် ၁၉၀၁ ဒေါ်လာ၊ ၂၃ ရက်တွင် ၁၉၀၄ ဒေါ်လာ၊ ၂၄ ရက်တွင် ၁၉၁၉ ဒေါ်လာ၊ ၂၅ ရက် တွင် ၁၉၁၄ ဒေါ်လာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီဖြင့် ရွှေဈေးနှုန်းတည်ငြိမ် စေရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး လိုင်စင်လျှောက်ထားခြင်းမရှိဘဲ ဖွင့်လှစ် ထားသည့် ရွှေဆိုင်များကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေဆိုင်လုပ်ငန်းပေါင်း တစ်သောင်း ကျော်ရှိပြီး ဆိုင်အားလုံးနီးပါး လိုင်စင်များရှိကာ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး လေ့ရှိကြောင်း သိရသည်။                                                                        

ပန်းဆု