Main menu

Background

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း အထည်ချုပ်လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ၄၅ ခုကိုခွင့်ပြုခဲ့

Mon, 09/11/2023 - 11:47 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်းCMP အထည်ချုပ် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု၄၅ ခုကိုခွင့်ပြုခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါနိုင်ငံသားနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအသစ် ၄၅ ခုတို့ အား ဇန်နဝါရီလမှ သြဂုတ်လအထိ  ခွင့်ပြုထားခြင်းဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုများတွင်  စက်မှုလုပ်ငန်းများ၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း များ၊CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ၊ ဝန်ဆောင်မှုနှင့်ထုတ် လုပ်မှုလုပ်ငန်းများလည်းပါဝင်ကြောင်း၊ လုပ်ငန်းအများစုမှာCMP အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၈၀ဝ၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်း CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများတွင် တရုတ် နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ထိုင်း၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှလည်း လာရောက် ရင်းနှီးမြှုပ်နှံမှုရှိကြောင်း သိရ သည်။

ကိုဇေ