Main menu

Background

ငါးလတာကာလအတွင်း စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ဝင်ငွေရရှိ

Mon, 09/11/2023 - 11:48 -- journal_editor

မြန်မာနိုင်ငံမှ စက်မှုကုန်ချော တင်ပို့မှု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ငါးလတာကာလ အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၈ ဘီလီယံ ကျော်ရရှိခဲ့ကြောင်း စက်တင်ဘာ ၈ ရက်က စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 
အဆိုပါပမာဏမှာ   အမေရိကန် ဒေါ်လာ ၅ ဒသမ ဝ၅ ဘီလီယံကျော် ဝင်ငွေ ရရှိခဲ့သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလား တူကာလနှင့်  နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၉၆၂ သန်းကျော် လျော့နည်းသွား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ   ထုတ်ပြန်သည့်  ကိန်း ဂဏန်းများအရ သိရသည်။  
နိုင်ငံ၏    ပို့ကုန်တင်ပို့မှုများအနက် စက်မှုကုန်ချောထုတ်ကုန်များကို  အများဆုံး တင်ပို့နိုင်ခဲ့ပြီး   လယ်ယာထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းများထက် ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များ အရ သိရသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်နှင့် ရေထွက်ကုန်များ၊ သတ္တုတွင်း ထွက်များ၊  သစ်တောထွက်  ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို  တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယ အပါအဝင် ပြည်ပကုန်သွယ်မှု မိတ်ဖက်နိုင်ငံ များသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရ သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စက်တင် ဘာ ၁ ရက်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့ မှုမှ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၈ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရ သည်။

 

ကိုဇေ