Main menu

Background

မြန်မာ့သကြား ဘင်္ဂလားဒေ့ရှ် ဝယ်ယူလို

Mon, 09/11/2023 - 12:00 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်  ပြည်တွင်းဝယ်လိုအား ဖြည့်တင်းနိုင်ရန်အတွက် မြန်မာနိုင်ငံမှ သကြားတင်သွင်း လိုသောကြောင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဘင်္ဂလား ဒေ့ရှ်မစ်ရှင်နှင့် မြန်မာနိုင်ငံ သကြားနှင့်  ကြံထွက်လုပ်ငန်း ရှင်များအသင်းတို့ ဆွေးနွေးမှုများ  လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်းရှင် များအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ သကြားတင်ပို့ရန် အတွက် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုကော်ပိုရေးရှင်း (ွှဃြ) နှင့် နားလည်မှုစာချွန်လွှာ(သြ့)ရေးထိုးပြီး   တင်ပို့ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့်  နှစ်စဉ်ထွက်ရှိသည့် သကြား ကို    ပြည်တွင်းဝယ်လိုအားအတွက် ဖြည့်တင်းပြီးနောက် ပိုလျှံသည့် သကြားများကို ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ သို့ တင်ပို့နေခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ တင်ပို့နိုင်သည့် သကြား လက်ကျန်များ ရှိနေသည့်အတွက် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ ရန် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။
ထို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်    အိန္ဒိယနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ သကြားများကို အဓိက   တင်သွင်းပြီး လက်ရှိ လက်လီသကြား ဈေးကွက်မြင့်မားနေသည့်အတွက် အစိုးရသတ်မှတ်ဈေးထက်  ပိုမိုပေး၍ ဝယ်ယူကြကြောင်း သိရသည်။
ယင်းနိုင်ငံ၏ သကြားလက်လီဈေးနှုန်းသည် တစ်ကီ လိုလျှင် တာကာ ၁၂၈-၁၃၅ ရှိပြီး နှစ်စဉ် သကြား လိုအပ် ချက်အတွက် ကုန်ကြမ်း တန်ချိန် နှစ်သန်းကျော် တင်သွင်း ရကြောင်း သိရသည်။
မြန်မာ့ဈေးကွက်အတွင်း လက်ရှိ၌ လက်လီသကြား ဈေးမှာ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘ‌ဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော်ခန့် မြင့်တက်နေပြီး တစ်ပိဿာ ကျပ် ၄၀ဝ၀ ဝန်းကျင်ရှိကြောင်း သိရသည်။

 

ပန်းဆု