Main menu

Background

ဖွဲနုဆီထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်လေ့လာမှုများပြုလုပ်

Tue, 09/26/2023 - 10:15 -- journal_editor

ဖွဲနုဆီထုတ်လုပ်ရေးကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရန်   မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ် (MRF) ဦးဆောင်၍ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် ကုမ္ပဏီ ခြောက်ခုနှင့်အတူ စက်တင်ဘာ ၁၄ရက်တွင် သီလဝါဆိပ်ကမ်း ဧရိယာရှိ  တစ်ရက်လျှင် တန်၄၀ဝ ကျော်ပမာဏဖြင့် လုပ်ငန်း လည်ပတ်နေသောWILMAR MYANMAR EDIBLE OILS LIMITED  သို့ သွားရောက်လေ့လာခဲ့သည်။
မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ်သည် ဆန်စပါး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်များ၏  ဘေးထွက် ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ (Rice Husk) နှင့် ဖွဲနု Rice Bran) တို့မှ တန်ဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။
ထို့ကြောင့် ဖွဲနုဆီထုတ်လုပ်ရေး  လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန်လည်း ရည် ရွယ်ပြီး လေ့လာရေးခရီးစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဖွဲနုဆီ ထုတ်လုပ်ရေးလုပ်ငန်းသည် ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှစားအုန်းဆီ တင်သွင်းမှု လျှော့ချနိုင်ရေး အပြင် နိုင်ငံသားများအတွက် ကျန်းမာရေးကိုလည်း အထောက် အပံ့ဖြစ်စေသည်။ ဖွဲနုဆီသည် မပြည့်ဝဆီ Unsaturated fat)အမျိုးအစားဖြစ်ခြင်းကြောင့် လူသားများ အဓိကထားစားသုံး သင့်သည့် ဆီအမျိုးအစားဖြစ်ပြီး အနံ့၊ အရသာမရှိခြင်းက လည်း အားသာချက်တစ်ခုဖြစ်နေသည်။
စပါးခွံမှလျှပ်စစ်ထုတ်သည့်     ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံ၊ ဖွဲနုမှ ဆီကြမ်း ထုတ်လုပ်ရေး စက်ရုံ၊  ဖွဲနုဆီ သန့်စင်စက်ရုံများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ အသင်းဝင်ကုမ္ပဏီများ၊ ဆန် စက်များ  လုပ်ငန်းရှင်များအနေဖြင့် တစ်ဖွဲ့တည်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ   ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စပါးခွံနှင့် ဖွဲနုတို့မှ သုတေသနနှင့်ဖွံ့ဖြိုး ရေးကော်မတီ  (MRF - R&D Committee) သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 
ထိုကဲ့သို့တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ သည် နိုင်ငံ တော်၏ စားသုံးဆီကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်  ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးအစာထုတ် လုပ်မှုကဏ္ဍတို့တွင်  အကျိုးပြုစေမည်ဖြစ်သည်။   ထို့ပြင် ပြည်တွင်း ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်  ဖန်တီးပေးနိုင်မှု၊ နည်းပညာ  တိုးတက်ရရှိနိုင်မှုနှင့်   စီးပွားရေးအရ အကျိုး အမြတ်ရရှိမှုတို့ကို   ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံလိုသူများအား ငွေကြေးနှင့် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ ကာလလတ်နှင့် နှစ်ရှည်ချေးငွေ (Medium and Long Term Project Finance)  ရရှိနိုင်ရေးနှင့် ခေတ်မီနည်းပညာပိုင်းဆိုင် ရာတို့တွင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖွံ့ဖြိုးရေးမိတ်ဖက် များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အသင်းချုပ်က ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

MRF