Main menu

Background

မြန်မာ့ကော်ဖီကို ရုရှားနိုင်ငံက ဝယ်ယူမည်

Tue, 09/26/2023 - 11:55 -- journal_editor

ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီကို ဝယ်ယူပြီး ကုန်သွယ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။ အဆိုပါ ရုရှား နိုင်ငံရှိ လက်လီအရောင်းဆိုင်များတွင် မြန်မာ့ကော်ဖီကို အမြဲတမ်းအမျိုးအစားအဖြစ် မိတ်ဆက်ပေးပြီး ဝယ်ယူတင်သွင်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးMaxim Reshetnikov က ပြောကြားထားခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က စက်တင်ဘာ ၂၁ရက် တွင် ပြောသည်။ 
“ကျွန်တော်တို့ကော်ဖီကို တင်သွင်းဖို့အတွက် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီMaxim Reshetnikov က သူတို့နိုင်ငံမှာ  မိတ်ဆက်ပြောထားတာရှိတယ်။ ဝယ်ယူဖို့လည်း ကမ်းလှမ်းထားတယ်။ ကော်ဖီထွက်ချိန်မှပို့နိုင်ဖို့စီစဉ်ရမှာပါ။အခုဆို ပို့ကုန် အစားထိုးတင်ပို့မှုမှာ ကော်ဖီက အောင်မြင်မှုရလာပြီ။ လက်ရှိမှာ တခြားနိုင်ငံ တွေက မြန်မာ့ကော်ဖီကို ကုန်ချောပြန်ထုတ်ပြီး  ရောင်းနေကြတာဆိုတော့ ကုန် ကြမ်းရောင်းစားတဲ့ အနေအထားပဲ ရှိသေးတယ်။ အရည်အသွေးမြှင့် ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ကော်ဖီဆိုပြီး နေရာရလာအောင်လုပ်ဖို့ လိုနေတယ်”ဟု ၎င်းက ပြောသည်။
ပြည်တွင်း၌ နှစ်စဉ် ကော်ဖီတန်ချိန် ၈၀ဝ၀ မှ ၁၀ဝ၀ဝ ကြား ထွက်ရှိပြီး ယခု ၂၀၂၃ ခုနှစ် ကော်ဖီတစ်တန် တန်ဖိုးသည်။  ကုန်စည်အရည်အသွေးပေါ် မူတည် ၍ အမေရိကန်ဒေါ်လာ ၅၅၀ဝ မှ ၈၃၀ဝ ဝန်းကျင်အထိ ဈေးရရှိနေကြောင်း သိရ သည်။မြန်မာနိုင်ငံအနေဖြင့် ယခု ၂၀၂၃ ခုနှစ်အတွင်း   ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီကုန်ကြမ်း ၇၅ ရာခိုင်နှုန်းကို    ပြည်ပတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကာ   ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ကော်ဖီရာသီချိန်က ထွက်ရှိခဲ့သော   ကော်ဖီလက်ကျန်  မရှိတော့ ကြောင်း သိရသည်။
ယခုနှစ် ပထမနှစ်ဝက်တွင် ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန် များဝယ်ယူမှု မြင့်တက်လာပြီး ဆန်နှင့် ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း စသည့် စိုက်ပျိုးရေး ထွက်ကုန်များ ရုရှားဈေးကွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်ရရှိရန် ရည်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ မြန်မာ-ရုရှား ကုန်သွယ်မှုအနေဖြင့် ကန်ဒေါ်လာ ၃၄ သန်းကျော်ရှိပြီး ရုရှားသို့   ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၆ သန်းကျော်၊ ရုရှားမှ သွင်းကုန်တန်ဖိုး   ကန်ဒေါ်လာ ၁၈ သန်း ကျော်ရှိကြောင်း သိရသည်။

ပန်းဆု