Main menu

Background

ကန်ဒေါ်လာ ခြောက်သန်းကျော်နှင့် ကျပ်သန်း ၄၅၀ဝ ကျော် တန်ဖိုးရှိ စက်ရုံအလုပ်ရုံများ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြု

Tue, 11/07/2023 - 12:34 -- journal_editor

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ ခြောက် သန်းကျော်နှင့် မြန်မာငွေ ကျပ်သန်း ၄၅၀ဝ ကျော်   တန်ဖိုးရှိသည့် လက်ခစား အထည်ချုပ်(CMP)လုပ်ငန်းများအပါအဝင် လုပ်ငန်းမျိုးစုံ ကို ကဏ္ဍနယ်ပယ်ရှစ်ရပ်တွင် ရင်းနှီးမြှုပ်နှံရန်  ခွင့်ပြုပေးခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးလိုက်သည့်   ကဏ္ဍနယ်ပယ်များမှာ ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း  (၁၀ဝရာခိုင်နှုန်း ပြည်တွင်း ရောင်းချခြင်း)လုပ်ငန်း၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို အေးခဲပြီး ထုပ်ပိုးတင်ပို့ရောင်းချခြင်းလုပ်ငန်း၊ စက္ကူအခြေခံပါကင်ဘူး နှင့် တံဆိပ်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်း၌သာ ၁၀ဝ ရာခိုင်နှုန်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်ခစား တစ်ဆင့်ခံ ထုတ်လုပ်ထုပ်ပိုး (CMP) စနစ် နှင့် အထည်ချုပ်လုပ်ငန်း၊   လက်ခစားတစ်ဆင့်ခံ ထုတ်လုပ်ထုပ်ပိုး CMP)စနစ်ဖြင့် နားကြပ်နှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရေး လုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြင့် ပေါင်းစပ် ဓာတုအစေး အင်တွဲ (Poly Resin) ကို အခြေခံပြီး အရည်အသွေးမြင့် Poly Resin, Cold Cast Bronze, Pewter  ြွေကထည် ရုပ်တုများနှင့် ပန်းပုရုပ်တုများ ထုတ်လုပ်ခြင်းလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
ယင်းလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ   မြန်မာငွေ ကျပ် ၄၅၅၂ ဒသမ ၃၂၅ သန်း၊ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃၆ သန်းရှိပြီး အဆိုပါလုပ်ငန်းများနေ၍ ပြည်တွင်းရှိ လူဦးရေ ၅၅၄၁ ဦး ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခု    ခွင့်ပြုပေးလိုက်သည့်လုပ်ငန်းများတွင်   စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံသားပိုင်   ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခြောက်ခု   ပါဝင်သလို   လက်ခစား တစ်ဆင့်ခံအထည်ချုပ်(CMP)စနစ်   လုပ်ငန်းလေးခုပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ငန်းလည်ပတ်နေသည့် CMP စက်ရုံနှင့် CMP တစ်ဆင့်ခံ စက်ရုံ ၇၈၈ ရုံရှိပြီး ဃဏြ ကဏ္ဍတွင် နိုင်ငံ ခြားသားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သည့် လုပ်ငန်း ၈၀ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

ပန်းဆု