Main menu

Background

ကလောနှင့် ပင်းတယတွင် စိုက်ပျိုးရေးထုတ်ကုန် ဈေးရုံစီမံကိန်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း MAEXကုမ္ပဏီ ကြေညာ

Mon, 11/20/2023 - 13:33 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ  ကလောခရိုင်နှင့် ပင်းတယခရိုင် အတွင်း‌၌ စိုက်ပျိုးရေးထုတ်ကုန်များ စုဆောင်းသိုလှောင် ရောင်းချ မည့် ဈေးရုံစီမံကိန်း Collector Marketကို  လာမည့် ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီတွင် စတင်အကောင်အထည်နိုင်ရန် မျှော်မှန်းထား ကြောင်းMyanmar Agro Exchange Public Ltd (MAEX)က ကြေညာထားသည်။
စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ရှမ်းပြည်(တောင် ပိုင်း) ကလောခရိုင်နှင့်ပင်းတယခရိုင်အတွင်းက ဟဲဟိုး-ဘော်ဆိုင်း လမ်းမအနီး ယာမြေ ၂၄ ဒသမ ၉ ဧက၊  ဟဲဟိုး- ဘော်နင်းလမ်းမ အနီး ယာမြေ လေးဧကနှင့် ဟဲဟိုး-ကျုံးအကြား  လမ်းမအနီး ယာ မြေ  ၉ ဒသမ ၅၉ ဧက၊ စုစုပေါင်း ယာမြေ ၃၈ ဒသမ ၄၉ ဧကအား ဝယ်ယူထားကြောင်း သိရသည်။
MAEX အနေနှင့် အဆိုပါ စီမံကိန်းကို ၂၀၂၄ ခုနှစ် ပွင့်လင်း ရာသီတွင် စတင်အကောင်အထည်ရန် မျှော်မှန်းထားပြီး ထိုမျှော်မှန်း ထားသည့်အချိန်ထက်  ဆောလျင်စွာ ဆောင်ရွက်နိုင်ရန်ကိုလည်း ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်သည် စီမံကိန်းဆောင်ရွက်နိုင်ရန် ကနဦးကာလ ဖြစ်သောကြောင့် ကုမ္ပဏီအနေဖြင့်MIC  Permit ရရှိရန်နှင့်စီမံကိန်း လုပ်ကိုင်ခွင့်ရရှိရန်အတွက်  လုပ်ငန်းများ  စတင်လုပ်ကိုင်နေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ Collector Market စီမံကိန်းတွင် စိုက်ပျိုးရေး ထုတ် ကုန်များကို အရည်အသွေး စံချိန်စံညွှန်းအလိုက် ရွေးချယ်၍ အမျိုး အစား ခွဲခြားခြင်းနှင့်သန့်စင်ထုတ်ပိုးခြင်း (Sorting and Packaging)  ဈေးရုံများ၊ မျိုးသီးနှံများ စနစ်တကျ သိုလှောင်ရန်နှင့် ထွက်ကုန် ပစ္စည်းများ စနစ်တကျထားရှိရန်အတွက် အအေးခန်းများ (Cold Storage)၊ အခြောက်ခံသိုလှောင်ရုံများ Dry Storage အပြင် ပွဲရုံ များဖြင့် တောင်သူတိုက်ရိုက်ရောင်းချနိုင်သည့် ဈေးရုံများကို ထည့် သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ရန်ကုန်မြို့တွင် တညင်းကုန်းလက်ကားဈေး   စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည့်  မြန်မာအက်ဂရိုအိတ်စ်ချိန်း အများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်MAEX အနေနှင့် အထက်ပါ စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် စီမံကိန်းတန်ဖိုး ခန့်မှန်း ခြေနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို အသေးစိတ် တွက်ချက်ကာ ဆက်လက်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေး ချက် ထုတ်ပြန်ထားသည်။

ပန်းဆု