Main menu

Background

တောင်ကိုရီးယားနှင့်ဂျပန်တို့မှ မြန်မာ့ဆားကြမ်းကို တန်ချိန် ရာနှင့်ချီဝယ်ယူရန် ကမ်းလှမ်းထား

Mon, 12/04/2023 - 11:59 -- journal_editor

နှစ်စဉ် ဆားလိုအပ်ချက်ရှိနေသည့် တောင် ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ   မြန်မာ့ဆားကြမ်း များကို တန်ချိန်  ရာနှင့်ချီ  ဝယ်ယူရန် ကမ်းလှမ်း ထားပြီး လက်ရှိမှာ တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း    မွန်ပြည်နယ်  ဆားလုပ်ငန်းရှင်များ အသင်းမှ သိရသည်။  
မြန်မာနိုင်ငံတွင်    နှစ်စဉ်     ဆားတန်ချိန် လေးသိန်းကျော် ထုတ်လုပ်လျက်ရှိပြီး မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်  ဧရာဝတီတိုင်းဒေသကြီးတို့မှ အဓိကထုတ်လုပ်နေခြင်းဖြစ်သည်။  
လက်ရှိတွင်   ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ မြန်မာ့ဆားကြမ်း တင်ပို့နိုင်ရန်အတွက် မွန်ဒေသထွက်ဆားကို လျာထားပြီး ဆားနမူနာများ ကို ဂျပန်နိုင်ငံသို့ ပြီးခဲ့သည့် သြဂုတ်လတွင်လည်း ကောင်း၊ တောင်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ တွင်လည်းကောင်း ဆားတန်ချိန်  ၂၀ ပါဝင်သည့် ကွန်တိန်နာ တစ်လုံးစီ   နမူနာ  ပေးပို့ထားပြီးဖြစ် ကြောင်း သိရသည်။
“သူတို့ ဆား လိုအပ်ချက်များနေလို့    ဒီကို လာကမ်းလှမ်းတာပါ။   စံချိန်စံညွှန်းပိုင်းအတွက် အချိန်နည်းနည်းယူပြီး ပြင်ရမယ်။ ပြီးတာနဲ့တင်ပို့ ဖို့ ဆောင်ရွက်ရပါမယ်။   နောက်ပိုင်း  ဆက်ဝယ် မဝယ်ကတော့   မြန်မာဘက်ကပို့တဲ့   ဆားနမူနာ ကွာလတီပေါ် စရိတ်တွေဘာတွေ   တွက်ချက်ပြီး ဆုံးဖြတ်မှာပါ”ဟု   မွန်ပြည်နယ်  ဆားလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၃၀ ရက် တွင် ပြောသည်။
ဆားကြမ်းနမူနာများ ရရှိထားပြီးသည့်ဂျပန် နိုင်ငံအနေနှင့် ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဆား လုပ်ငန်းရာသီတွင် အနည်းဆုံး ကွန်တိန်နာ  အလုံး ၃၀  (ဆားကြမ်းတန်ချိန် ၆၀ဝ)  မှာယူထားပြီးဖြစ် သည့်အပြင် တောင်ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီတစ်ခု နှင့်လည်း   တင်ပို့နိုင်ရေး    နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းကို  စက်တင်ဘာလ နောက်ဆုံးပတ်တွင်   ဆောင်ရွက်ထားပြီးဖြစ်သော ကြောင့် မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားကြမ်းများ ကို ယခုနှစ် မကုန်မီ   တင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။ မွန်ပြည်နယ်သည် တစ် နိုင်ငံလုံးတွင်     ဒုတိယ ဆားအများဆုံးထွက်ရှိရာ  ဒေသဖြစ်ပြီး ဆားကွင်း ဧက ၄၅၀ဝ ကျော်ဖြင့် လုပ် ကိုင်လျက်ရှိသည့်အပြင် ဆားတန်ချိန် ၅၀ဝ၀ဝ ကျော်အထိ  ထုတ်လုပ်နေခြင်းဖြစ်သည်။
အဆိုပါ   မွန်ဒေသထွက်  ဆားအပါအဝင် မြန်မာ့ဒေသထွက်   ဆားများသည်  လက်ရှိတွင် ပြည်တွင်းဈေးကွက်ကိုသာ  အဓိကတင်ပို့ရောင်းချ နေရခြင်းဖြစ်ပြီး လက်ရှိဈေးနှုန်းအနေဖြင့် ရန်ကုန် ဆားဈေးကွက်တွင်  လက်လီတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ လက်ကားဈေးနှုန်း တစ်ပိဿာ ကျပ် ၉၀ဝ ခန့်ရှိကြောင်း သိရသည်။
ယခုကဲ့သို့    ပြည်ပနိုင်ငံများ၏ ကမ်းလှမ်းမှု များကြောင့် ဆားဈေးနှုန်း ပြောင်းလဲလာနိုင်သည့် အပြင် ပြည်တွင်းထုတ်ဆားများသည်လည်း ပြည်ပ ဈေးကွက်ဝင်ပစ္စည်းဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု