Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပဝင်ငွေရရှိနေသော CMP အထည်ချုပ်လုပ်ငန်းမှ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ

Wed, 12/20/2023 - 12:24 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း  မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ  တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ  အတည်ပြုမိန့် ထုတ်ပေးထားပြီး ပြည်ပနိုင်ငံသားများ ရာနှုန်း ပြည့်   လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသော ပုသိမ်မြို့   စက်မှုဇုန်တွင်    Amava Apparel Co,Ltd China Moon Sports Myanmar Dong Long ( Pathein) Garment  Harkers Enterprise Myanmar Co,Ltd Huabo Times Textile and Clothing Co,Ltd Myanmar Knitting Factory Ltd  North Shore Group Co,Ltd  Shaung Xi Garment  VentDest Co,Ltd CMP အထည်ချုပ်စက်ရုံ  ကိုးရုံ၊ ကန် ကြီးထောင့်မြို့တွင် Huameng CMP အထည် ချုပ်စက်ရုံတစ်ရုံ ၊ ဒေးဒရဲမြို့၊   တော်ကျိုက် ကျေးရွာအုပ်စုတွင် Jeong Ho International Co,Ltd CMP အထည်ချုပ်စက်ရုံ   တစ်ရုံနှင့် မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာတွင် New Talent Industrial Co,Ltd  Wilkes Myanmar Co,Ltd CMP အထည်ချုပ်စက်ရုံ   နှစ်ရုံနှင့်Shengze Golves Co,Ltd CMP လက်အိတ် ချုပ်စက်ရုံ တစ်ရုံ   စုစုပေါင်း  တိုင်းဒေသကြီး အတွင်းCMP အထည်ချုပ်စက်ရုံ  ၁၄ ရုံအား ခွင့်ပြုပေးခဲ့ကြောင်း  တိုင်းဒေသကြီး   ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊ အဆိုပါ အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းများကို ပြည်ပမှ တင်သွင်းပြီး အဝတ် အထည်ကုန်ချောများ  ထုတ်လုပ်၍ နိုင်ငံခြား ဝင်ငွေ ရှာဖွေပေးလျက်ရှိရာ ပြည်ပနိုင်ငံသား များ လာရောက်ရင်းနှီးမြှုပ်နှံမှုရှိသည့်အတွက်  CMP အထည်ချုပ်လုပ်ငန်းများတွင်   ဒေသခံ ပြည်သူ ကျား  ၈၆ ဦး ၊ မ ၁၀၇၀၆ ဦး စုစုပေါင်း ၁၁၅၂၂ ဦးအတွက်   အလုပ်အကိုင်  အခွင့် အလမ်းများ  ဖန်တီးပေးနိုင်ခဲ့ကြောင်း    သိရ သည်။              

  မင်းမင်းဦး(ပသ)