Main menu

Background

ကချင်ပြည်နယ်မှ တစ်သျှူးငှက်ပျောများ တရုတ်နိုင်ငံသို့တင်ပို့မှုပြန်လည်မြင့်တက်လာ

Mon, 01/01/2024 - 12:06 -- journal_editor

ကချင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် တစ် သျှူးငှက်ပျောများကို  ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်တင်ယာဉ် အစီးရေ ပြန်လည်  များပြားလာကြောင်း ကချင် ပြည်နယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ် ငန်းရှင်များအသင်းမှ သိရသည်။ ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် တင်ပို့ မည့် တစ်သျှုးငှက်ပျော ကုန်တင်ယာဉ်အစီးရေမှာ ဒီဇင်ဘာလ ပထမပတ်က အစီးရေ ၁၅၀ ကျော်သာ ရှိခဲ့သော်လည်း ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ကုန် တင်ယာဉ်အစီးရေ ၂၅၀ကျော်အထိ ရှိလာကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့်   ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို  ကံပိုင် တည် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အများ ဆုံး တင်ပို့နေခြင်းဖြစ်ပြီး ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊  ဟိန်းလုံကျန်၊   ရှီအန်၊   ငွေကျုံး၊ ဝုဟန်၊ ထုံချင်း၊ ကျိန်ကျုံး စသည့် ပြည်နယ်များနှင့် တရုတ် ပြည်တစ်နိုင်ငံလုံးသို့တင်ပို့လျက်ရှိရာရုရှားနယ်စပ် အထိ ရောက်ရှိကြောင်း သိရသည်။
အဆိုပါ တစ်သျှူးငှက်ပျောကို တရုတ်နိုင်ငံ သို့ နှစ်စဉ်တင်ပို့ ရောင်းချလျက်ရှိရာတွင်   ပြီးခဲ့ သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ဧပြီလမှ စက်တင် ဘာလအထိ တန်ချိန် ၁၅၁၃၈ တန်၊ တန်ဖိုးအနေ ဖြင့် အမေရိကန်ဒေါ်လာ  ၅ ဒသမ ၈၆၈ သန်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။   ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ကထက် တန်ချိန် ၃၃၉၄ တန်၊ တန်ဖိုးအနေဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၄၆ သန်း  ပိုမိုတင်ပို့ရောင်းချ ထားကြောင်း သိရသည်။
တစ်သျှူးငှက်ပျောကို    ကချင်ပြည်နယ် အတွင်း ဧကခြောက်သောင်းကျော်  စိုက်ပျိုးလျက် ရှိပြီး ငှက်ပျောစိုက်ပျိုးတင်ပို့သည့်ကုမ္ပဏီစုစုပေါင်း ၂၀ ကျော်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။ ပြည်တွင်း၌ တစ်သျူးငှက်ပျောကို ကချင် ပြည်နယ်ရှိ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ ရွှေကူ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး  ငါးအိုးမြို့နယ် တို့၌ အများဆုံး စိုက်ပျိုးနေခြင်းဖြစ်သည်။

ပန်းဆု