Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၁၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 01/15/2024 - 11:36 -- journal_editor

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၂၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSX) မှ သိရသည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ် ဖြစ်မြောက်သည့် အစုရှယ်ယာ အရေအတွက်မှာ ၅၄၆၁၁ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၂၆ ဒသမ ၈၉ သန်း ရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI)က အစုရှယ်ယာ ၂၉၉၂ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၆ ဒသမ ဝ၁ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ်ယာ ၉၉၁၄ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၇ ဒသမ ၉၄ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၄၂၀ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၂၃ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၂၀၂၁၂ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၁ ဒသမ ၂၃ သန်း ရရှိခဲ့သည်။ ထို့အတူTMH Telecom Public (TMH) က အစုရှယ်ယာ ၃၂၄ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၈၁ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၄၈၄၅ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၉ ဒသမ ၄၃ သန်း ရရှိခဲ့သည်။ ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA) ) က အစုရှယ်ယာ ၃၇၄ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၇၆ သန်း၊ Myanmar  Agro Exchange Public Co.,Ltd. (MAEX) က အစုရှယ်ယာ စောင်ရေ ၁၅၅၃၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၆ ဒသမ ၄၉ သန်း စသည်ဖြင့် အသီးသီး ရရှိခဲ့ ကြောင်း သိရသည်။                                                                                                      

ပန်းဆု