Main menu

Background

ရန်ကုန်တိုင်းရွှေအသင်း ရွှေဈေးနှုန်း ကျပ် ၃၆ သိန်းကျော်ရှိ

Mon, 02/05/2024 - 10:42 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး   ရွှေလုပ်ငန်းရှင်များအသင်း  (YGEA) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၆ သိန်းကျော်ဖြစ်ကြောင်း  အဆိုပါအသင်းမှ သိရသည်။ အဆိုပါအသင်း၏ ဈေးကွက်အဖွင့်ဈေးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊  ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ခြောက်ရက်တာကာလအတွင်း ကျပ် ၃၇ သိန်း ကျော်တွင်ရှိနေခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ ကျပ် ၃၆ သိန်း ကျော်ကို ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
    ဈေးကွက်အတွင်း ရွှေဈေးနှုန်း မြင့်တက်လာခြင်း မရှိစေရန်အတွက် အသင်း သား၊ အသင်းသူများအနေဖြင့် ရွှေဈေးကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ရောင်းဝယ်ပေး ကြရန်နှင့် လက်ငင်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ပြီး  ပို၍ ရောင်းခြင်း၊ ဝယ်ခြင်း များ လုံးဝမပြုလုပ်ကြရန် ွ့နဗ က မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ထားသည်။
    ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ွ့နဗ ၏ ရွှေဈေးနှုန်းများ မှာ ဇန်နဝါရီ ၂၇ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၆၃၁၃၀ဝ၊ ၂၉ ရက် တွင် ကျပ် ၃၆၅၄၇၀ဝ၊ ၃၀ရက်တွင် ကျပ် ၃၆၆၈၄၀ဝ၊ ၃၁ရက်တွင် ကျပ် ၃၆၆၃၀ဝ၀၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကျပ် ၃၆၇၅၆၀ဝ၊ ၂ ရက်တွင် ကျပ် ၃၆၉၇၂၀ဝ  ဖြစ်ကြောင်း သိရသည်။
    အလားတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများအနေဖြင့် လည်း ဇန်နဝါရီ ၂၇ ရက်တွင် တစ်အောင်စ ၂၀၁၈ ဒေါ်လာ၊ ၂၉ ရက်တွင် ၂၀၃၁ ဒေါ်လာ၊ ၃၀ ရက်တွင် ၂၀၃၈ ဒေါ် လာ၊ ၃၁ ရက်တွင် ၂၀၃၅ ဒေါ်လာ၊ ဖေဖော်ဝါရီ ၁ ရက်တွင် ၂၀၄၂ ဒေါ် လာ၊ ၂ ရက်တွင် ၂၀၅၄ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ပန်းဆု