Main menu

Background

သရက်သီးတင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရန် တရုတ်နှင့် ဆွေးနွေးနေ

Tue, 05/07/2024 - 12:05 -- journal_editor

တရုတ်နိုင်ငံသို့ မြန်မာ့သရက်သီး တင်ပို့ရာတွင် လမ်း ကြောင်း အခက်အခဲနှင့် အချိန်ကြန့်ကြာမှုများ မဖြစ်ပေါ်စေ ဘဲ လျင်လျင်မြန်မြန် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များနှင့်  တရုတ်နိုင်ငံမှ သက်ဆိုင်ရာအဖွဲ့တို့ ဆွေးနွေးနေကြောင်း ကုန်သည်များထံမှ သိရသည်။
သရက်သီးတင်ပို့ရာ လမ်းကြောင်းတစ်လျှောက် မည် သည့်အခက်အခဲမှမရှိဘဲ  လျင်မြန်စွာ တင်ပို့ခွင့်ရရှိရေး အတွက် ဆွေးနွေးကြခြင်းဖြစ်ပြီး လက်ရှိတွင် သရက်ကား အစီးရေ သုံးစီးခန့် စမ်းသပ်တင်ပို့မှု လုပ်ဆောင်ထားကြောင်း သရက်ကုန်သည်တစ်ဦးက မေ ၁ ရက်တွင် ပြောသည်။
]]လက်ရှိမှာ သရက်သီးက အခု နှစ်စီး၊ သုံးစီးတော့ စမ်း တင်နေတယ်။ အခု ‌ဆွေးနွေးနေတာက သရက်သီးကို green line ရဖို့ ဆွေးနွေးနေတာပါ။ သရက်သီးက ဖရဲ၊ သခွားနဲ့ မတူဘူး။ သူကgreen line မှာပဲ။ green line ဆိုတာက transport  မှာ သီးသန့်ရှိတယ်။ သူက VIP ပဲ။ green line မှာ သွားတဲ့ဟာသည် အစစ်ဆေး အမေးမြန်း မရှိရဘူး။ နောက် တစ်ခုက ကြန့်ကြာမှုမရှိရဘူး။ တရုတ်ပြည်မှာဆိုရင်green lineသီးသန့်ရှိတယ်။ green lineကို သွားတာတွေသည် ပျက်စီးလွယ်တဲ့ ကုန်စိမ်းရှိမယ်။ သားငါးရှိမယ်၊ ပြီးရင် လူနာ ပေါ့နော်။ အဲဒါတွေက တားလို့မရဘူး။ အဲဒါလေးတွေရအောင် ဆွေးနွေးနေပါတယ်။ တရုတ်ဘက်ရော၊ မြန်မာပြည်မှာရှိနေတဲ့ အစုအဖွဲ့တွေရော အားလုံး ဆွေးနွေးနေကြတာ}}ဟု ၎င်းက ပြောသည်။ အဆိုပါ သီးနှံသည် အခြားသော သီးနှံများနှင့် မတူဘဲ ဈေးကွက်အတွင်းသို့  အချိန်မီရောက်ရှိမှသာ ဈေးကောင်း ရရှိမည်ဖြစ်သည်ဟုဆိုသည်။