Main menu

Background

ယခု ဘဏ္ဍာနှစ်အတွင်း တောင်သူများကို ငွေကျပ် ၃၀ ဘီလီယံကျော် ထုတ်ချေးရန် လျာထား

Mon, 07/01/2024 - 15:18 -- journal_editor

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်ယာသုံး စက်ကိရိယာ ဝယ်ယူလိုသည့်  တောင်သူများအတွက် ှုဲဃဗ ွှတသ - ှအနစ ူသညေ ဖြင့် ငွေကျပ် ၃၀ ဘီလီယံကျော် ထုတ်ချေးပေးရန် လျာထားကြောင်း သိရ သည်။
]]ထုတ်ချေးတဲ့အခါ တောင်သူတွေကို ငွေပေးလိုက်မှာ မျိုးမဟုတ်ဘဲ သူတို့ဝယ်ယူလိုတဲ့ လယ်ယာသုံး စက်ကိရိယာ ရောင်းချတဲ့ ကုမ္ပဏီကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ငွေပေးချေပေးမှာဖြစ်ပါတယ်}}ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ချေးငွေကို တောင်သူတစ်ဦးလျှင် အများဆုံး ငွေကျပ် သိန်း ၇၀ဝ အထိနှင့် တောင်သူလယ်သမား အစုအဖွဲ့တစ်ဖွဲ့ လျှင် အများဆုံးငွေကျပ် သိန်း ၅၀ဝ၀ အထိ ထုတ်ချေးပေးရန်  စီစဉ်ထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရ သည်။ ချေးငွေအစီအစဉ်ဖြင့် လယ်ယာသုံးစက်ပစ္စည်း ဝယ် ယူလိုသည့် တောင်သူများအနေဖြင့် လယ်ယာမြေပုံစံ (၇) ကို အမည်ပေါက်  ပိုင်ဆိုင်ရမည်ဖြစ်ပြီး မရွှေ့ပြောင်းနိုင်သော အိုးအိမ်ပစ္စည်းတို့ကိုလည်း အာမခံအနေဖြင့် တင်ပြနိုင်ရမည့် အပြင် လုပ်ငန်းရှင်နှစ်ဦးမှ အာမခံပေးရန် သတ်မှတ်ထား ကြောင်း သိရသည်။
ယင်း စည်းကမ်းချက်များနှင့် ကိုက်ညီသည့် တောင်သူ များအနေဖြင့်  JICA Two-Step Loan  ချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်ဘဏ်ခွဲများနှင့် မြို့နယ်ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ ချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA) တို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက်  လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများ ဝယ်ယူလိုသည့် တောင်သူများအား ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း သိရသည်။