Main menu

Background

သြဂုတ်လအတွင်း ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးစက်နေ

Tue, 08/06/2024 - 14:36 -- journal_editor

ပြီးခဲ့သည့်နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများ၊ ဈေးကစားလိုသူများ အာရုံ စိုက်ခြင်းခံခဲ့ရသည့် ရန်ကုန်အိမ် ခြံမြေဈေးကွက် ယခုနှစ် သြဂုတ်လအတွင်း အရောင်းအဝယ် အေးစက်နေကြောင်း သိရသည်။  ပြည်တွင်းအိမ်ခြံမြေဝယ်ယူမှုနှုန်းသည် ၂၀၂၂ ခုနှစ်မှစတင်ကာ ငွေပို ငွေလျှံရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှုကြောင့် ဆက်တိုက် မြင့်တက်လာခဲ့သော်လည်း ၂၀၂၄ ခုနှစ်အတွင်း အရောင်းအဝယ် တုံ့ဆိုင်း နေခြင်းဖြစ်သည်။  "ရန်ကုန် အိမ်ခြံမြေကတော့ လောလောဆယ် အရောင်းအဝယ်က အေးနေတယ်။ မြေကွက်ဈေးတွေက မြင့်တက်တော့ ဝယ်လိုအားက သိပ်မရှိ ဘူး။ အရောင်းအဝယ်ဖြစ်ရင်လည်း တိုက်ခန်းတွေလောက်ပဲ ဖြစ်တယ်။ရောင်းသူတွေကလည်း နဂိုတက်သွားတဲ့ ဈေးတိုင်းကို သိပ်မချချင်ဘူး။ တချို့ လည်း နည်းနည်းပဲ ဈေးချတယ်ဆိုတော့ မဝယ်ချင်ကြဘူး။ ဒီအချိန်မှာက အငှားဈေးကွက်ကတော့ ပိုပြီးဖြစ်ထွန်းနေပါတယ်" ဟု ရန်ကုန်မြို့နေ အိမ်ခြံ မြေ အကျိုးဆောင်တစ်ဦးကပြောသည်။  လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ကျပ်နှစ်သိန်းမှ ကျပ် ငါးသိန်းအကြား အိမ်ခန်းများ အငှားသွက်နေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များထံမှ သိရသည်။  ထို့ပြင်SP  GP လွှဲပြောင်းရယူကာ ဈေးကစားခြင်းများအား  ယခု နောက်ပိုင်းတွင် အိမ်ခြံမြေအရောင်း အဝယ်စာချုပ်ချုပ်ဆိုကာ ရောင်းခွန် ဆောင်ပြီးမှ လွှဲပြောင်းရယူခွင့်ပြုမှုကြောင့် ဈေးကွက်အတွင်း အမှန်တကယ် လိုအပ်သူသာ  အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်လျက်ရှိနေကြောင်း သိရ သည်။

ကိုတိုး