Main menu

Background

ဆန်ဆိုင်များအား သိုလှောင်ရုံမှတ်ပုံတင်စနစ်အတွင်း ထည့်သွင်းနိုင်ရေး စီစဉ်

Mon, 09/02/2024 - 11:47 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိသည့် ဆန်သိုလှောင်ရုံမှတ်ပုံ တင်စနစ်တွင် အသေးစား၊ အလတ်စား ဆန်ဆိုင်များအား ထည့်သွင်းနိုင်ရေး စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ သိရသည်။ 
"အခုလို   အငယ်စားလုပ်ငန်းတွေရဲ့ စာရင်းကအစ ပါဝင်ဆောင်ရွက်သွားနိုင်မယ်ဆိုရင် ဆန်စပါးကဏ္ဍကို ခေတ်မီ ဒီဂျစ်တယ်နည်းလမ်းတွေ နဲ့ ပြောင်းလဲပြီး စီမံခန့်ခွဲဖို့အတွက် လွယ်ကူသွားမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သိုလှောင်ရုံ တွေမှာ သတ်မှတ်ထားတာကတော့ နောက်ဆုံး ဆန်ဆိုင်တွေ ကအစ သိုလှောင်မှု မှတ်ပုံတင်တဲ့  စနစ်ထဲ  ထည့်ရမယ်။ အသေးစား၊ အငယ်စားလေးတွေ ၁၀ ပေ၊ ပေ ၂၀ ပတ်လည်  အလျား ၁၀ ပေ အနံပေ ၂၀ ဆိုင်ခန်းလေးတွေနဲ့ ဆန်ရောင်း တဲ့သူတွေလည်း မှတ်ပုံတင်တဲ့ထဲ  ထည့်ရမှာပဲ၊ ဒါပေမယ့် သူတို့အတွက် မှတ်ပုံတင်ကြေးမတောင်းဘူး မှတ်ပုံတင်ကြေး  ပေးစရာမလိုဘူး။ ဒါပေမယ့် မှတ်ပုံတော့တင်ရမယ်ဟု" မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြော ဆိုသည်။
ယင်းသို့ ဆန်ဆိုင်များအား  မှတ်ပုံတင်စနစ်ဖြင့် ဆောင် ရွက်ပါက သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေး ညီ မှန်မှန်ကန်ကန်ဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုတိုး