Main menu

Background

MAEXမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် အစုရှယ်ယာအပေါ် အမြတ်ငွေအား စက်တင်ဘာလတွင်း ထုတ်ပေးမည်

Mon, 09/02/2024 - 11:49 -- journal_editor

တညင်းကုန်းလက်ကားဈေးအား စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိသည့်  မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့် သက်ဆိုင်သောကုမ္ပဏီ (MAEX)  မှ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အစုရှယ်ယာအပေါ် အမြတ်ငွေ များအား ၂၀၂၄ ခုနှစ် စက်တင်ဘာ  ၆ ရက်နေ့မှစတင်ကာ ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 
အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစုအား ကျပ် ၂၀ဝ ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ပြီး   ကုမ္ပဏီ၏ အမြတ်ဝေစု ခွဲဝေပေးကာလတစ်လျှောက် ပမာဏအများဆုံးဖြစ်လာကာ ခွဲဝေမှုအတွက် ကျပ်သိန်းပေါင်း ၄၇၆၁၀ ထုတ်ပေးသွားရန် MAEX  ဒါရိုက်တာအဖွဲ့မှ  ဆုံးဖြတ်ထားကြောင်း သိရသည်။ 
"၄၂ ဒသမ ၇၇ ရာခိုင်နှုန်းသော သာမန်ရှယ်ယာရှင်တွေဟာ မိမိ မှာရှိတဲ့ စုငွေတွေထည့်သွင်းပြီး ရင်းနှီးမြှုပ်နှံထားတဲ့ အနေအထားရှိတယ်။ ဒါတွေအားလုံးအတွက်ကို   အမြတ်ဝေစုတွေ ခံစားနိုင်ပြီး မိမိတို့ရဲ့ စားဝတ်နေရေး တစ်စိတ်တစ်ပိုင်းအဖြစ် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်"ဟုMAEX ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။ 
"သုံးထပ်၊ လေးထပ် ှ့သစ ံသကျန တွေ၊ နှစ်ထပ်Medium whole saleတွေကို ရောင်းချလို့ရတဲ့ ဝင်ငွေတွေ၊ ဈေးလုပ်ငန်းတွေက  ဝင်ငွေ များဟာ စုစုပေါင်းအမြတ်အစွန်းအတွက် သိသိသာသာ တိုးတက်မှုကို အထာက်အကူပြုခဲ့ပါတယ်"ဟု MAEX ဒုတိယဥက္ကဋ္ဌ ဦးမင်းစိန်က ပြော ဆိုသည်။
မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (MAEX ) အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ထပ်မံတည်ဆောက်သည့် ဈေးရုံ အမှတ် ၅ ပြီးစီးခဲ့ပြီး ဈေးရုံအမှတ် ၇ လည်း ပြီးစီးလုနီးပါး အခြေအနေ ကြောင့် လာမည့် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။  မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့်သက်ဆိုင်သော  ကုမ္ပဏီ (MAEX ) သည် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်စတော့ အိတ်ချိန်းသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ကိုတိုး