Main menu

Background

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တီထွင်မှုမူပိုင်ခွင့် တရားဝင်စတင်လက်ခံခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Mon, 11/04/2024 - 11:31 -- journal_editor

တီထွင်မှုမူပိုင်ခွင့် တရားဝင် စတင်လက်ခံခြင်း အခမ်းအနားကို အောက်တို ဘာ  ၃၁ ရက် မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ(၂)၌Hybrid  စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့် ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်ပြီး အဖွင့်အမှာစကား ပြော ကြားခဲ့သည်။  အခမ်းအနားတွင် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ခေတ်သည် နည်း ပညာများနှင့် ယှဉ်ပြိုင်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုနှင့်အတူ ကမ္ဘာလုံး ဆိုင်ရာ ဈေးကွက်စီးပွားရေးစနစ် Global Market) ကို ကျင့်သုံးလာမှုကြောင့် မူပိုင် ခွင့်ဆိုင်ရာကိစ္စရပ်များသည် ကဏ္ဍအသီးသီးတွင် ပိုမိုအရေးပါလာကြောင်း၊ မူပိုင် ခွင့်အကာအကွယ်ပေးသည့် စနစ်ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် ဆန်းသစ်တီထွင် မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အထောက် အပံ့ကောင်းတစ်ခုဖြစ်စေမည်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်နိုင်မှုနှင့် ဖန်တီးနိုင် မှုစွမ်းအားများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျနေ သည့်အတွက်  တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများ မြင့်တက်စေရန် တီထွင်သူ၊ ဖန်တီးသူတို့၏ လက်ရာများကို ထိထိရောက်ရောက် အကာအကွယ်ပေးမည့် မူပိုင် ခွင့်စနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 
ဆက်လက်ပြီး မိမိတို့နိုင်ငံအနေဖြင့် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် တည်ထောင်ခြင်း ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများသည် ၂၀၂၃ ခုနှစ်တွင် အာဏာတည်ခဲ့ပြီး အဆိုပါဥပဒေများအတွက် မူပိုင်ခွင့်လျှောက်ထားခြင်းများကို လက်ခံဆောင်ရွက် လျက်ရှိကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေမှာ ၂၀၂၄ ခုနှစ် မေ ၃၁ ရက်တွင် အာဏာ တည်ခဲ့ပြီး ယနေ့တွင် တီထွင်မှု မူပိုင်ခွင့်ဥပဒေအရ တီထွင်မှု လျှောက်ထားချက်များ ကို တရားဝင်  စတင်လက်ခံပြီဖြစ်ရာ  မူပိုင်ခွင့်ဥပဒေ   လေးခုလုံးကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ တီထွင်မှုများကို အကာ အကွယ်ပေးလာနိုင်ခြင်းအားဖြင့်  နည်းပညာ လွှဲပြောင်းရေးကို မြှင့်တင်နိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများ တိုးမြှင့်နိုင်ခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ ဝင် ရောက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ ဝင်ငွေရရှိမှု တိုး တက်နိုင်ခြင်း၊  နိုင်ငံတော်၏  ကုန်ထုတ်လုပ်မှုကို  ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ရာ တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင် ရွက်သွားကြပါရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားခဲ့သည်။
  ဆက်လက်ပြီး တီထွင်မှုမူပိုင်ခွင့်ဥပဒေကို အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း ၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ တီထွင်မှု မူပိုင်ခွင့် ဆိုင်ရာ  သိကောင်းစရာများနှင့် စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေး မှူးကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်  အခမ်းအနားသို့ တက် ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ 
အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက in person  တက်ရောက်ခဲ့ကြပြီး မူပိုင်ခွင့်ဆိုင်ရာပညာရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် သက်ဆိုင်ရာအသင်းများမှ တာဝန်ရှိ သူများ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာများမှ ကိုယ် စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာ ထမ်းကိုယ်စားလှယ်များက Virtual ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

MOC(IR)