စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး ရန်ကုန်တိုင်းဒေသကြီးတွင် အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ် စဉ် (၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက် တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက် ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ညွှန်ကြား ရေးမှူးချုပ်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန များမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းမှ သင်တန်း သားဟောင်းများ၊ သင်တန်းနည်းပြများနှင့် အပြည် ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း အမှတ် စဉ် (၁၀) သို့ တက်ရောက်မည့် သင်တန်းသားအသစ် များ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းမှာ သင်တန်းကာလ လေး လခန့်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်း သူ ၁၀၄ ဦး တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
TTI