Main menu

Background

အွန်လိုင်းငွေပေးချေမှု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးမှုမှတ်တမ်း လက်မှတ်ရေးထိုး

Mon, 01/06/2025 - 14:35 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန    မြန်မာကုန်သွယ်မှု  မြှင့်တင်ရေးအဖွဲ့နှင့် ယူအေဘီဘဏ်လီမိတက်တို့အကြား ဝန်ဆောင်မှု များအတွက်  အွန်လိုင်းငွေပေးချေမှု  အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးမှု မှတ်တမ်း Record of Discussion - ROD  လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ Amara Hotel  Fantastic Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထိန်လင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများနှင့ ် တာဝန်ရှိသူများ၊ ယူအေဘီဘဏ် လီမိတက်မှSenior Vice President   ဒေါ်သန္တာထိုက် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 
အခမ်းအနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်က  အဖွင့်အမှာ စကားပြောကြားရာတွင် စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်  တင်ရေးအဖွဲ့၏MITC Website မှ ကုန်စည်ပြပွဲနှင့် ဈေးကွက်ဆိုင်ရာ     သတင်းအချက်အလက်များ၊ ပို့ကုန်မြှင့်တင်ရေးဗီဒီယိုများကို ကုန်သည်လုပ်ငန်း ရှင်များသိရှိနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် စီးပွားရေးဗီဇာထောက်ခံချက် လျှောက်ထားခြင်း၊ ကုန်စည်ပြပွဲတွင် ပါဝင်ပြသသူ/လိုက်ပါသူ (Exhi- bitor/ Visitor) မှတ်ပုံတင်ခြင်း လုပ်ငန်းများအတွက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ကုန်သည်လုပ် ငန်းရှင်များအနေဖြင့် ြွှှုဃ ျွှနဘျငအန မှတစ်ဆင့် ဥွူ လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။  
ထို့နောက် ယူအေဘီဘဏ်လီမိတက်မှSenior  Vice President က  ငွေပေးချေမှုနှင့် စပ်လျဉ်း၍ ယူအေဘီဘဏ်လီမိတက်အနေဖြင့် အစိုးရဌာနများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ယူအေဘီဘဏ် လီမိတက် မှ Senior  Vice President  တို့က မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ယူအေဘီဘဏ်လီမိတက်တို့ အကြား ဆွေးနွေးမှုမှတ်တမ်းအား လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ 
မြန်မာကုန်သွယ်မှု  မြှင့်တင်ရေးအဖွဲ့နှင့် ယူအေဘီဘဏ်လီမိတက်တို့အကြား  ဆွေးနွေးမှု မှတ်တမ်းROD)ကို လက်မှတ်ရေးထိုးနိုင်ခြင်း ကြောင့် အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းများအတွက် ငွေပေးချေမှုဆိုင်ရာလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစတင်၍mitc.myantrade.gov. mm  မှတစ်ဆင့် အွန်လိုင်းအသုံးပြုသူ လုပ်ငန်းရှင်များ ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း  သိရသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ