ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တွင် အင်းစိန်၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင်၊ လှိုင်သာယာ (အရှေ့၊ အနောက်)၊ ရွှေပြည်သာ စသည့် မြို့နယ်ပေါင်း ကိုးခုရှိသည်။
အဆိုပါမြို့နယ်များတွင် စက်မှုဇုန်များ၊ စက်မှုလက်မှုလုပ်ငန်း ကြီးများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများစွာရှိပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွက် အားထားရာ ခရိုင်ကြီးတစ်ခုဖြစ်သည်။ လမ်းပန်းဆက် သွယ်ရေး အချက်အချာကျပြီး အဝေးပြေးကားဂိတ်များ၊ လေဆိပ်နှင့် ဆိပ်ကမ်းများရှိသဖြင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု ပြုလုပ်နိုင်သည်။
အနယ်နယ်အရပ်ရပ်မှ ဝင်ရောက် လာသော ကုန်ပစ္စည်းများကို သိုလှောင်၊ ရောင်းဝယ်နိုင်ရန် ကုန်စည်ဒိုင်ကြီးများ၊ သိုလှောင်ရုံများ လက်လီ/လက်ကား ရောင်းချသော ဈေးကြီးများဖြင့် စည်ကားသော ခရိုင်ကြီးတစ်ခုလည်းဖြစ်သည်။
လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များသည် စက်မှုဇုန်ကြီး များ တည်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးထားသည်။ အလားတူ ရန်ကုန် မြောက်ပိုင်းခရိုင်တွင် ရေမြေရာသီဥတု ကောင်းမွန်ပြီး ကျယ်ပြန့် သော မြေနေရာကြီးများရှိသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများလည်း လုပ်ကိုင်ကြရာ ကြက်နှင့် ဘဲမွေးမြူရေးလုပ်ငန်း များမှ ရန်ကုန်မြို့နေ ပြည်သူများအတွက် လုံလောက်သော အသား နှင့်ဥများကို ရရှိစေသည်။
စိုက်ပျိုးရေးတွင်လည်း ဒေသနှင့် ကိုက်ညီသော ဟင်းသီးဟင်း ရွက်များ၊ သစ်သီးဝလံ၊ ပန်းမန်များကို စီးပွားဖြစ် စိုက်ပျိုးကြသည့် အတွက် လတ်ဆက်သော အသီးအရွက်များ လက်ကားဈေးကြီးများသို့ နေ့စဉ် ဝင်ရောက်မှုရှိသဖြင့် ရန်ကုန်မြို့တွင်း ပြန်လည်ဖြန့်ဖြူးနိုင် သည်။ အသေးစား၊ အငယ်စား၊ အလတ်စား အိမ်တွင်းစီးပွားရေး လုပ်ငန်းများလည်းရှိ၍ ပြည်ပမှ တင်သွင်းရသော သွင်းကုန်များအစား ပြည်တွင်းထုတ်ကုန်များကို ဈေးသက်သာစွာ သုံးစွဲနိုင်သည်။ ရေရှည် စီးပွားရေးလုပ် ကိုင်လိုသူများအနေနှင့်လည်း ရင်းနှီးမြှုပ်နှံနိုင်သော စီးပွားရေး အခွင့်အလမ်းများရရှိစေသည်။ စီးပွားရေးလုပ်ငန်းများ များစွာရှိသဖြင့် ရွေးချယ်လုပ်ကိုင်နိုင်ရန်လည်း အခွင့်အရေးများစွာ ရရှိစေသည်။
စီးပွားရေးလုပ်ငန်းကြီးများသည် လုပ်ငန်းငယ်လေးများမှစတင် သောကြောင့် လုပ်ငန်းငယ်လေးများကို ကူညီပံ့ပိုးပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသော အကြောင်းအရင်းတစ်ခုဖြစ်သည်။ ပြည်ပသွင်းကုန် အစားထိုးအနေဖြင့် ပြည်တွင်းထုတ်ကုန်များကို ထုတ်လုပ် လာကြရာ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများသည် ပိုမိုကျယ်ပြန့်လာသည်။ ဒေသတွင်း ထုတ်ကုန် များကို သုံးစွဲခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိစေ သည့်အပြင် ပြည်ပသွင်းကုန်လျော့ချရာလည်း ရောက်သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်တွင် အိမ်တွင်းလက်မှုလုပ်ငန်းများ စွာရှိသည့်အနက် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာမှ တံမြက် စည်း လုပ်ငန်းတစ်ခုသည် တစ်လလျှင် တံမြက်စည်းအချောင်းရေ ၃၀ဝ၀ဝ ထုတ်လုပ်ထွက်ရှိသည်။ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် တံမြက်စည်း ကိုင်းတံများအား နေပြည်တော် ပင်လောင်းဒေသ၊ မော်လမြိုင်၊ တောင်ငူနှင့် ပုသိမ်မြို့တို့၌ ဇန်နဝါရီလမှဧပြီလအတွင်း ဝယ်ယူရရှိ သည်။ လုပ်သားဦးရေ၂၂ ဦးရှိပြီး တစ်ဦးလျှင် တစ်နေ့ လုပ်ခအနေဖြင့် ကျပ် ၈၀ဝ၀ မှ ကျပ် ၁၀ဝ၀ဝ ရရှိကြောင်းသိရသည်။
ပြည်တွင်းတွင် ရောင်းချဖြန့်ဖြူးရုံသာမက ပြည်ပတင်ပို့မှုအနေ ဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိသည်။တစ်ကြိမ်တင်ပို့ပါက တံမြက် စည်း အချောင်း ရေ ၃၀ဝ၀ တင်ပို့ကြောင်း သိရသည်။ ဒေသတွင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင် အခွင့် အလမ်းများပေါ်ပေါက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
Aung Tin Soe (YGN)