Main menu

Background

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနှင့် CITIC တို့ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Tue, 03/04/2025 - 11:23 -- journal_editor

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ် ကမ်းစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်   မြန်မာနှင့်  CITIC  တို့ ကြိုတင်ဖြည့်ဆည်းရမည့်  အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၈ ရက်  မွန်းတည့် ၁၂ နာရီ တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ-၁ ၌ ကျင်းပ ခဲ့သည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့  ဥက္ကဋ္ဌ၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့  ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့်  ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများ၊ ကျောက်ဖြူအထူးစီးပွား ရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနှင့် CITIC  မှ နှစ်ဖက်ကြိုတင်  ဖြည့်ဆည်းရမည့်အချက် (Conditions Precedent)) ကိစ္စရပ်များနှင့် သက်ဆိုင်သည့်ဌာနများမှ တာဝန်ရှိသူများ၊ CITIC Consortium Myanmar Port Investment Limited  မှ  ဥက္ကဋ္ဌ Mr.Liang Chuanxin  နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် ရေနက်ဆိပ်ကမ်းတည်ဆောက် ရေးစီမံကိန်း  ဆောလျင်စွာ စတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဖက်နှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း  ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေးဆွဲထားသည့်Development Plan  ကို ခေတ်စနစ်နှင့်အညီ  ကောင်းမွန်စေရန် ရေးဆွဲသင့် ကြောင်း  ပြောကြားခဲ့သည်။ 
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကျောက်ဖြူအထူး စီးပွားရေးဇုန်ရေနက် ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် အရေး ကြီးသကဲ့သို့ တရုတ် နိုင်ငံအတွက်လည်း မဟာဗျူဟာ ကျသည့် မြန်မာ-တရုတ်  စီးပွားရေးစင်္ကြံ ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းကို  အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်စေနိုင်မှာ ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း များသတ်မှတ်ကာလအတွင်း အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ် သည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီး ပြတ်အောင် ဆောင်ရွက်နိုင်ရေးနှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်  ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက် ရမည့် လုပ်ငန်းများကိုTimeline  ချမှတ်၍ ကြိုးစား ဆောင်ရွက်နေကြောင်း  ပြောကြားခဲ့သည်။
ထို့နောက်f CITIC Consortium Myanmar Port Investment Limited မှ တာဝန်ရှိသူများက နှစ်ဖက် ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ ((Conditions Precedent) နှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေ အနေများ၊ ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကိုယ်စား လှယ်များက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာ နှင့် CITICတို့ နှစ်ဖက်ကြိုတင်  ဖြည့်ဆည်းရမည့် အချက်များ (ဃသညိငအငသညျ ဏမနခနိနညအ) အနက် CITICဆိုင်ရာ ကိစ္စရပ်များနှင့်EIA/SIA   တို့ နှင့်စပ်လျဉ်းသည်များကို  တင်ပြခဲ့ရာ မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့  ဥက္ကဋ္ဌ၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ညနေ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်  ရေနက်ဆိပ် ကမ်းစီမံကိန်း  အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်   မြန်မာနှင့် CITIC  တို့ နှစ်ဖက်ကြိုတင် ဖြည့်ဆည်းရမည့်အချက်များ (Con- ditions Precedent)) နှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ၂/၂၀၂၅ ကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁) ၌ ပထမအကြိမ်ကျင်းပခဲ့ရာ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား  စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက်ခဲ့ကြ သည်။