Main menu

Background

ဒီဂျစ်တယ်စီးပွားရေး မူဝါဒနှင့် ကိုက်ညီသည့် ဆန်စက်မှတ်ပုံတင်စနစ် စီမံဆောင်ရွက်ပေးမည်

Tue, 03/04/2025 - 13:33 -- journal_editor

ဒီဂျစ်တယ်စီးပွားရေးမူဝါဒနှင့် ကိုက်ညီသည့်  ဆန်စက် မှတ်ပုံတင်စနစ် ပြုလုပ်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ဖေဖော်ဝါရီ ၂၂ ရက်က မြန်မာကွန်ဗင်းရှင်း စင်တာတွင် ကျင်းပသည့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်း၏  (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားတွင် ပြော ဆိုခဲ့သည်။ 
"စက်မှုဝန်ကြီးဌာနအနေနဲ့ ဆန်စက်မှတ်ပုံတင်စနစ်ကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတော်အစိုးရရဲ့ ဒစ်ဂျစ်တယ်စီးပွား ရေးမူဝါဒတွေနဲ့   ကိုက်ညီတဲ့ အွန်လိုင်းမှတ်ပုံတင်ခြင်းစနစ် ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ညှိနှိုင်း ပြီး စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတ်"ဟု စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ 
အသေးစား၊   အငယ်စား  ဆန်စက်များအနေဖြင့်  အသေးစား၊ အလတ်စားMSME မှတ်ပုံတင်ခြင်းကိုပါ ဆောင် ရွက်နိုင်ပြီး လတ်တလောတွင်MSMEချေးငွေများကိုလည်း လျှောက်ထားရယူနိုင်မည်ဖြစ်သည်။ 
မြန်မာ့ဆန်စက်လုပ်ငန်းတွင် ဆန်စက်အများစု ၉၀ ရာခိုင်နှုန်းသည် အသေးစားနှင့် အလတ်စား (MSME) များ ဖြစ်ပြီး မှတ်ပုံတင်ထားသော ဆန်စက်စုစုပေါင်း ၁၂၃၄၀ ခန့် ရှိကြောင်း သိရသည်။
ဆန်စက်လုပ်ငန်းများသည် နိုင်ငံတော်၏ ရိက္ခာဆန် ထုတ်လုပ်ခြင်း၊ ပြည်ပတင်ပို့ရန် ဆန်ကြိတ်ခွဲခြင်း အပါအဝင် စက်မှုကုန်ကြမ်း၊ မွေးမြူရေးကုန်ကြမ်းများကို ထုတ်လုပ်ပေး လျက်ရှိပြီး တောင်သူများ၏ စပါးများကို ဝယ်ယူပေးရာ ဈေး ကွက်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ ဖိတ်ခေါ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

 

ကိုတိုး