Main menu

Background

(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

Mon, 06/02/2025 - 12:18 -- journal_editor

(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲ အခမ်းအနားကို မေ ၃၀ ရက်  နံနက် ၉ နာရီတွင် ရန်ကုန်မြို့Wyndham  Grand Hotel ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ်-အာဆီယံကုန်စည် ပြပွဲ အတွင်းရေးမှူးရုံးတို့ ပူး ပေါင်းကျင်းပခဲ့သည်။
ကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူး ကြီး မစ္စတာ ကျမ်းကျစ်ဟုန်တို့က အဖွင့်နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲ ဗီဒီယိုအားဖွင့်လှစ်ပြသ ခဲ့သည်။ 
ထို့နောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၊ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ လျှန်ရိကွမ်း က (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပမည့် အစီအစဉ်များနှင့်ပတ် သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးမြဟန်မှUMFCCI နှင့် ညီနောင်အသင်းအဖွဲ့များအနေ ဖြင့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပူးပေါင်း ပါဝင်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
ထို့နောက်TGT Tea Co.,Ltd  မှManaging Director ဦးမောင် လွင်က  တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အဆိုပါ ကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်း ရေးမှူးရုံး၊UMFCCI နှင့်ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ နှင့် စိတ်ပါဝင်စားသည့် ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း ၁၀ဝ ခန့် တက်ရောက်ခဲ့သည်။
(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုန်စည်ပြပွဲ၏ ဂုဏ် ထူးဆောင်နိုင်ငံ Country of Honor  အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင် City of Charm နှင့်  ကုန်စည်ပြခန်းဆောင်တို့ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့